Powered by Blogger.

နေ့တွင်းချင်း ဖုန်းပြင်ပေးတဲ့ ၀န်ဆောင်မှုကို Samsung စတင်


Samsung ကတော့ uBreakiFix နဲ့ ပူးပေါင်းပြီး Galaxy ဖုန်း ပိုင်ရှင်တွေအတွက် နေ့တွင်းချင်းဖုန်းပြင်ပေးတဲ့ ဝန်ဆောင်မှုကို စတင်လိုက်ပါပြီ။

နေရာ သုံးရာလောက်မှာ အခုလို ပြုလုပ်ပေးနိုင်တော့မှာဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာဖို့အတွက် Samsung က စီစဉ်ထားပါတယ်။

Samsung ရဲ့ အခုလို service ကြောင့် ပျက်စီးထိခိုက်နေတဲ့ ဖုန်းတွေကို နှစ်နာရီအတွင်း အလျင်မီမီ ပြုပြင်ပေးသွားမှာဖြစ်ပြီး  Galaxy S9 and S9+, Galaxy S8 and S8+, Galaxy S7 and S7 edge, Galaxy S6 and S6+, Galaxy Note 8 နဲ့ Galaxy Note 5 ဖုန်းတွေကို ပြုပြင်မှုတွေ ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။


Bruce

#technology.thithtoolwin.com

Ref:BGR
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment