Powered by Blogger.

iPhone တွေမှာ Google Voice application ကို စတင် အသုံးပြုနိုင်ပြီ


Application တွေကိုသီးသန့် သုံးစွဲရတဲ့ iPhone တွေမှာ Google Voice application ကို စတင် အသုံးပြုနိုင်ပြီဖြစ်ပြီး အသုံးဝင်တဲ့ Application တစ်ခုဖြစ်တယ်လို့သိရပါတယ်။ iOS ဗားရှင်းနဲ့ထပ်မံထုတ်လုပ်လိုက်တဲ့ မက်ဆေ့ဂ်ျပို့ Application ဟာ စာသားနဲ့ အသံမေးလ်တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ထို Application ကိုလည်း သီးသန့်ဖွင့်ထားစရာမလိုပဲ online ပြောဆိုမှုတွေကို အလွယ်တကူပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Google Voice ရဲ့ ၀န်ဆောင်မှု ဧရိယာ တွေအပြင်မှာရောက်နေချိန်ကလွဲပြီး ကိုယ်ရောက်ရှိနေတဲ့ နေရာကိုလည်း အားလုံးနဲ့ ဝေမျှနိုင်ပြီး Gtalk လိုမျိုး Status စာသားထားရှိခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။ ထို Application ကို iOS စနစ်သုံး ကိရိယာ များမှာ အသုံးပြုလိုပါက App Store မှတစ်ဆင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။ 


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment