Powered by Blogger.

Apple က လျှပ်စစ်ကားကို ထိပ်တန်းလျှို့ ဝှက်ပြီး တီထွင်နေတာလား


iPhone နှင့် iPad တွေရဲ့နောက်ကွယ်မှာ Apple ကုမ္ပဏီက မီနီဗန်ကားလေး ကဲ့သို့သော လျှပ်စစ်ကားကို တီထွင်နေတဲ့လို့ သိရှိရပါတယ်။ ရရှိခဲ့သော သတင်းအရ Apple သည် လျှပ်စစ်ကားတွေ တီထွင်ရန် ဒီဇိုင်း ဆွဲနေပြီး တဖြည်းဖြည်းနဲ့ ယာဉ်တွေဘက်ကို ကူးပြောင်းနေပြီ ဖြစ်ပါတယ်။ 
Wall Street ဂျာနယ်၏ ပြောကြားချက်အရ မီနီဗန်လေးနဲ့တူတဲ့ လျှပ်စစ်ကားကို တီထွင်နေကြောင်းလည်း သိရပါတယ်။ ထုတ်လုပ်ရောင်းချတဲ့ အဆင့်ကိုရောက်ဖို့အတွက် ဆိုရင်တော့ နှစ်အနည်းငယ် ကြာ ဦး မှာ ဖြစ်ပါတယ်။ Ford က အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ Apple ရဲ့ တာဝန်ရှိသူ Steve Zadesky က ယခု ပရောဂျက်ကို ဦးစီးနေတာ ဖြစ်ပါတယ်။
 iPod နှင့် iPhone များကိုလည်း သူပဲ ဦးစီးဆောင်ရွက် ခဲ့တာဖြစ်ပါတယ်။ Wall Street ဂျာနယ်၏ ထပ်မံပြောကြားချက် အရ Apple က ဝန်ထမ်းတွေဟာ Mercedes နှင့် BMW ကို ထုတ်လုပ်ခဲ့တဲ့သူတွေဆီ သွားရောက် လေ့လာမှုတွေ လုပ်ခဲ့ပါတယ်။ 
 Silicon Valley က သုတေသန Lab ထဲမှာ လျှို့ ဝှက်လေ့လာမှု အသစ်ကို ပြုလုပ်ဖို့အတွက် မော်တော်ယာဉ် ပိုင်းဆိုင်ရာ နည်းပညာနှင့် ဒီဇိုင်း ကျွမ်းကျင်သူများကို ခန့်အပ်နေတယ် လို့လည်း ကြားသိရပါတယ်။


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment