Powered by Blogger.

LG ရဲ့ မကြာခင် ထွက်ရှိလာမယ့် Smart Watch အသစ် - MWC 2015


LG ဟာ သူတို့ရဲ့ MWC 2015 လို့ခေါ်တဲ့ Androird စနစ်သုံး Smartwatch တစ်လုံးကို အသစ် တစ်ဖန် ထပ်မံထုတ်လုပ်လိုက်ပြန်ပါတယ်။ LG ကုမ္မဏီကတော့ ထို နာရီကို ဇိမ်ခံ ပစ္စည်းတစ်ခု သတ်မှတ်ထားပြီး ထိုနာရီရဲ့ ဒိုင်ခွက်နဲ့ကိုယ် ထည်တစ်ခုလုံးကို သတ္တု နဲ့ ပြုလုပ်ထား တာဖြစ်ပါ တယ်။ ရွှေရောင်နဲ့ ငွေရောင် ရွေးချယ်စရာ  အရောင် ၂ မျိုးနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး လယ်သာ နဲ့ ပြု လုပ် ထားတဲ့ လက်ပတ်ကြိုးဖြစ်ပါတယ်။ 
ထိုနာရီတွင် LG မှထုတ်လုပ်သည့် အခြားနာရီများကဲ့သို့ပင် နှလုံးခုန်နှုန်းတိုင်းတာခြင်း လုပ်ဆောင်ချက်တွေပါဝင်ပြီး G-Watch နဲ့ G Watch R တို့လို နည်းပညာ မျိုးမဟုတ်ကြောင်းလည်း ကုမ္မဏီ က တရားဝင်ပြောကြားထားပါတယ်။ G Watch R နဲ့ တူညီတာ တစ်ခုမှာ ၁.၃ လက်မ Circular P-OLED မျက်နှာပြင်ပဲဖြစ်ပါတယ်။
 ထောင့် စွန်းပိုင်း တွေကို လှပစွာ ထုတ်လုပ်ထားပြီး ဇိမ်ခံပစ္စည်းတစ်ခု သဖွယ် ပုံစံပြုလုပ်ထား တာဖြစ်ပါတယ်။ ဘက်ထရီ ပမာဏ ၄၁၀ mAh ဖြစ်တဲ့အတွက် ၃ ရက်ကြာ အသုံးပြုနေနိုင်မှာ ဖြစ်ပါတယ်။ ထို Smart Watch ကို မကြာခင်မှာပဲ ဈေးကွက် ထဲဖြန့်ဖြူးရောင်းချမှာဖြစ်ပြီး ဈေးနှုန်းကိုတော့ ဘာစီလိုနာက တိုက်ရိုက် ထွက်ရှိလာမှာ ဖြစ်တယ်လို့ သိရပါတယ်။


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment