Powered by Blogger.

အကန်ခံရခြင်းမှ Google ရဲ့ခွေးစက်ရုပ် ခုခံကာကွယ်နိုင်ပြီ


ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေမှာ အသုံးပြုနိုင်ဖို့အတွက် Google မှ ခွေးစက်ရုပ်ကို တီထွင်ပြသခဲ့ပါတယ်။ ထို ခွေးစက်ရုပ်ကို လူတွေရဲ့ ကန်ကြောက်မှုကိုတောင် ပြန်လည် ခုခံကာကွယ်နိုင် သည်အထိ တီထွင်ထားခဲ့ပါတယ်။ Spot ဟု အမည်ပေးထားပြီး Google ပိုင် Boston Dynamics မှ ထုတ်လုပ် ဖန်တီး ခဲ့တာဖြစ်ပါတယ်။
 ဟိုက်ဒရောလစ် ခြေထောက် လေးချောင်းနှင့် sensor ပါသည့် ခေါင်းပါဝင်ကာ စစ်နယ်မြေတွင် အသုံးပြုနိုင် မည် ဖြစ်ပါတယ်။ ထွက်ပြေးတဲ့ လူများကို မြင်းကဲ့သို့ လျှင်မြန်စွာ ဖမ်းဆီးနိုင်ပြီး သူ့ကို ပြန်လည် ကန်ကြောက် တိုက်ခိုက် ခဲ့ ရင်လည်း ပြန်လည် ကာကွယ်ခုခံနိုင်စွမ်း ရှိပါတယ်။ အခြားသော စက်ရုပ်များ ထက် ပေါ့ပါးကာ အိမ်အတွင်း သာမက အပြင်ဘက် နယ်ပယ်များတွင်လည်း အသုံးပြုနိုင်မည် ဖြစ်ပါတယ်။
 တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေ၊ သဘာဝဘေး ကျရောက်နေ တဲ့နေရာတွေ အတွက် Spot က ပါဝင်ကူညီ လာနိုင်တော့မှာလည်း ဖြစ်ပါတယ်။ Boston Dynamics က Big Dog လို့ ခေါ်တဲ့ ခွေးအကြီးစားစက်ရုပ်ကို တီထွင်ခဲ့သေးသော်လည်း နောက်ဆုံးမှာတော့ လျှင်မြန် သွက်လက် တဲ့ ခွေးကလေးကိုပဲ ဖန်တီးခဲ့တာဖြစ်ပါတယ်။
 RiSE လို့ခေါ်တဲ့ နံရံ၊ သစ်ပင် စတဲ့ ဒေါင်လိုက် အမြင့်နေရာတွေကို လူကဲ့ သို့တက်နိုင်တဲ့ စက်ရုပ်ကိုလည်း တီထွင် ခဲ့ပါသေးတယ်။ Google က Boston Dynamics ကို ၂၀၁၃ မှာစပြီး ပိုင်ဆိုင် ခဲ့တာဖြစ်ပြီး ဈေးနှုန်း ကိုတော့ လျှို့ ဝှက်ချက် အနေဖြင့် သိမ်းဆည်း ထားခဲ့ပါတယ်။ 



Credit : http://news.sky.com/story
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment