Powered by Blogger.

အမေရိကန် ပြည်ထောင်စု ကို စမတ်ဖုန်း အပိုပစ္စည်းတွေ ရောင်းချဖို့ ခြေလှမ်း စတင်လိုက်တဲ့ Xiaomi


လက်ရှိ ကမ္ဘာမှာ တိုးတက်မှု အမြန်ဆုံး စမတ်ဖုန်း ကုမ္မဏီ တစ်ခုဖြစ်တဲ့ Xiaomi ဟာ စမတ်ဖုန်းဈေးကွက်ရဲ့ အကောင်းဆုံးနေရာဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု ကို စမတ်ဖုန်းရောင်းချဖို့မဟုတ်ပဲ စမတ်ဖုန်း အပို ပစ္စည်းတွေ ရောင်းချ ဖို့ ခြေလှမ်း စတင်လိုက်ပါတယ်။ 
ဒါပေမယ့်လည်း အားလုံးထင်ထားသလို ဖုန်းကာဗာတွေ နဲ့ စမတ်ဖုန်း ဆက်စပ် ပစ္စည်းတွေရောင်း ချ ဖို့ မဟုတ်ပဲ ဈေးနှုန်းသက်သာ တဲ့ Fitness Band ၊ Power Bank တွေနဲ့ Headphone တွေကို Mi.com ဆိုတဲ့ ၀က်ဘ်ဆိုက် ကနေ တစ်ဆင့် အမေရိကန်ပြည်ထောင်စုက ၀ယ်ယူသူတွေ ကိုရောင်း ချ သွား မှာဖြစ် တယ်လို့ သိရပါတယ်။ Xiaomi ရဲက အမေရိကန် ဈေးကွက် ကို ချဉ်းကပ်ခဲ့ပုံဟာ အမျော်အမြင်ရှိပါတယ်။
 တစ်ကယ်လို့ Xiaomi ဟာ သူ့ရဲ့ စမတ်ဖုန်းတွေနဲ့ တတ်ဘလတ်တွေကို အမေရီကန် ပြည်ထောင်စုကို တင်သွင်းမယ်ဆိုပါက MIUI ဆော့ဖ်ဝဲလ်တွေရဲ့ ထုတ်လုပ်မှုနဲ့ အသုံးချ မှု တည်နေရာတွေကို စစ်ဆေးခံရမှာဖြစ်ပါတယ်။ ဝေဖန်သူတွေကလည်း Xiaomi ဖုန်းတွေရဲ့ iPhone နဲ့ အရမ်းတူနေတဲ့ ဒီဇိုင်းတွေကို အလွယ်တကူ လက်ညှိုး ထိုးကြမှာဖြစ်ပါတယ်။


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment