Powered by Blogger.

ရှေးဟောင်း ကင်မရာ အသွင်အပြင်န့ဲထုတ်လုပ်လိုက်တဲ့ Oympus ရဲ့ SH-2


ကင်မရာ အရည် အသွေးကောင်း တဲ့ စမတ်ဖုန်း ထုတ်လုပ်မှု အရေအတွက် တွေများ လာတာနဲ့ အမျှ  DSLR ကင်မရာကြီးတွေ ကလွဲပြီး လက်ကိုင် ကင်မရာ အသေးစားလေးတွေဟာ ဈေးကွက်ပျောက်နေခဲ့တာ ကြာပါပြီ။ ကင်မရာ ထုတ်လုပ်တဲ့ ကုမ္မဏီတွေ ကလည်း ဒီပြသနာကို ဖြေရှင်းဖို့ နည်းလမ်း ရှာနေ ကြ ပါ တယ်။ ဒါပေမယ့် Olympus ကတော့ နည်းလမ်း တစ် ခုကို ရှာတွေ့ခဲ့ပါပြီ။ 
အခုတော့ ကုမ္မဏီဟာ သူ့ ရဲ့ စတိုင်ကျ လှပတဲ့ SH-2 ကင်မရာကို ထုတ်လုပ်လိုက်ပါပြီ။ ဒီကင်မရာ ရဲ့ ထူးခြားချက် ကတော့ အပြင်ပန်း အသွင် အပြင် ပါပဲ။နောက်ဆုံးပေါ် နည်းပညာတွေကို အသုံးပြုထားပေမယ့် အပြင်ပန်း အသွင် အပြင်ကိုတော့ ရှေးဟောင်း ကင်မရာများ အတိုင်း ထုတ်လုပ် ထားတာဖြစ်ပါတယ်။ အတွင်းပိုင်းက ပါဝင်တဲ့ အစိတ် အပိုင်းတွေနဲ့ လုပ်ဆောင်ချက်တွေ ကတော့ သိပ်ကိုခေတ် မီလှပါတယ်။ Raw Capture Mode ၊ 5-axis image stabilization ၊ WiFi နဲ့ 60 fps မှာ 1080p အထိပေးစွမ်းနိုင်တဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်စေမယ့် လုပ်ဆောင် ချက်တွေ ပါဝင်ပါတယ်။
ဒါ့အပြင် SH-2 ဟာ 16 Megapixels ရှိတဲ့ Sensor ကို အခြေခံထားပြီး 24x အထိ Zoom ဆွဲနိုင်မယ့် Optical Zoom Lens လဲပါဝင် ပါတယ်။ ထို Lens ဟာ 24-600 mm Wide Angle နဲ့ ညီမျှပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လ ကလည်း Olympus ကုမ္မဏီဟာ SH-1 ကိုထုတ်လုပ်ခဲ့ပြီး ယခု တစ် ကြိမ် ထုတ် လုပ် လိုက်တဲ့ SH-2 ဟာ အနက် နဲ့ ငွေရောင် ၂ မျိုးရွေးချယ်နိုင်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၄၀၀ ဖြစ်တယ်လို့ သိရပါတယ်။


Credt : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment