Powered by Blogger.

၇နှစ်အရွယ်ကောင်လေးကို Bionic Arm ပေးတဲ့ Iron Man


Iron Man စတားဖြစ်တဲ့ Robert Downey Jr သည် ၇နှစ်အရွယ် ကောင်လေးကို Bionic Arm ပေးခဲ့ပါတယ်။ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုအရ သူသည် နာမည်ကျော် Hollywood ရုပ်ရှင်များထဲက Iron Man ဖြစ်လာသည့် Tony Stark ကဲ့သို့ ဝတ်ဆင်ထားခဲ့ပါတယ်။ ထို့နောက် Downey Jr သည် Stark စက်မှု လုပ်ငန်းများ၏ အမှတ် တံဆိပ်ဖြစ်သည့် သတ္တုသေတ္တာကို ဖွင့်ပြခဲ့ပါတယ်။
ထိုသေတ္တာထဲတွင် Iron Man လက်နှင့် အနီရောင်နှင့် ရွှေရောင် ရောထားသည့် prosthetic limb ပါဝင်ပါတယ်။ ထိုအရာများသည် Alex ဟု ခေါ်သော ၇နှစ်အရွယ် ကလေးငယ် အတွက် ဖြစ်ပြီး ထိုကလေး ငယ်သည် မွေးရာပါ ညာဘက်လက် မသန်ခဲ့သည့် ကလေးငယ်ဖြစ်ပါသည်။ ၄င်း Bionic Arm ကို အင်ဂျင် နီယာ ကျောင်းသား Albert Manero က တီထွင် ဖန်တီးခဲ့တာဖြစ်ပြီး သူသည် 3D စနစ်ဖြင့် Bionic Limb များကို ပုံစံထုတ်ခဲ့တာဖြစ်ပြီး တစ်ကမ္ဘာလုံးက ကလေးငယ်တွေ အတွက် ပြုလုပ်ပေးနေ တာ လည်း ဖြစ် ပါတယ်။ 


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment