Powered by Blogger.

နှလုံးခုန်နှုန်းကို online banking လျှို့ဝှက် password အဖြစ် အစားထိုး


ကနေဒါ လုပ်ငန်းစု တစ်ခုမှ သာမန် password များထက် ပိုမိုလုံခြုံမှုရှိတဲ့ password များကို အစား ထိုးပေးနိုင် မည့် လက်ပတ်လေးကို တီထွင်ခဲ့ပါတယ်။ Halifax ဘဏ် အသုံးပြု သူများအနေဖြင့် မကြာမီ ကာလအတွင်း online banking အသုံးပြု သူများအတွက် password အစား နှလုံးခုန်နှုန်းကို အစားထိုးကာ လုံခြုံအောင် ပြုလုပ်နိုင်တော့မည် ဖြစ်ပါတယ်။
 ထိုလက်ပတ်၏ အမည်မှာ Nymi Band ဖြစ်ပြီး အခြားသော password, code နှင့် PIN နံပါတ်များကို မမှတ်ထားဘဲ လူတစ်ဦးစီ၏ နှလုံးခုန်နှုန်းကို သိမ်းဆည်းကာ အွန်လိုင်းမှ တစ်ဆင့် Log in ဝင်ရောက်နိုင်ရန် စီစဉ်ပေးမှာ ဖြစ်ပါတယ်။ Halifax Digital Development မှ ဒါရိုက်တာဖြစ်သူ Marc Lien က ဒါဟာ အစော ဆုံးပြုလုပ် တီထွင်ထားတဲ့ Nymi Band ဖြစ်ပြီး သုံးစွဲသူတွေ အနေဖြင့် ကျွန်တော်တို့ ဘက်က အကောင်း ဆုံး လုပ်ဆောင်ပေးနေတာတွေ ကို နားလည်စေဖို့လည်း ဒီအရာက အထောက် အကူ ပြုပေး မှာ ဖြစ်ပါတယ် လို့ ပြောကြားခဲ့ပါတယ်။


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment