Powered by Blogger.

On-Demand Password များဖြင့် ဝင်ရောက်နိုင်ရန် Yahoo အစားထိုး


On-Demand Password များဖြင့် Log In ဝင်ရောက်နိုင်ရန် ပြုလုပ်ပေးသည့် ပထမဆုံး အဓိက Internet Player မှာ Yahoo ဖြစ်ပါတယ်။ ထို ကုမ္ပဏီမှ ယခုအခါ တွင် အသုံးပြု သူတွေကို လျှို့  ဝှက်နံပါတ် အတိုဖြင့် ဝင်ရောက်နိုင်မည့် ဝန်ဆောင်မှု အသစ်ကို တိုးချဲ့ လိုက်ပါပြီ။ အသုံးပြု သူတွေ အနေဖြင့် ထိုဝန်ဆောင်မှုကို ၄င်းတို့၏ security setting မှ ရွေးချယ်နိုင် မည်ဖြစ်ပြီး ထို့နောက်တွင် ဖုန်းမှ တစ်ဆင့် register ပြုလုပ် ရမှာ ဖြစ်ပါတယ်။ 
အသုံးပြု သူက နောက်တစ်ကြိမ် login ဝင်ရန် ကြိုးစားပါက password ဖြည့်ရမည့်နေရာ တွင် “send my password” ဆိုသော ခလုတ်လေး ပေါ်လာ မှာဖြစ်ပါတယ်။ နှိပ်လိုက်ပါက အသုံးပြု သူ၏ ဖုန်းသို့ လျှို့  ဝှက် နံပါတ် ၄လုံး ရောက်လာမှာ ဖြစ်ပါတယ်။ Yahoo ၏ တာဝန်ရှိသူ Dylan Casey က ပထမအဆင့်မှာက password တွေကို ဖယ်ရှား လိုက်တာ ဖြစ်ပါတယ် လို့ပြောခဲ့ပါတယ်။ 
သူက Texas ရှိ Austin ဒေသ Southwest ပွဲတော်တွင် ပြောကြား ခဲ့တာဖြစ်ပါတယ်။ အချို့ သော ကုမ္ပဏီ များ အနေဖြင့် password အတည်ပြု လက်ခံရန် အဆင့်နှစ် ဆင့်ခန့် လုပ်ဆောင်ပေးကြပြီး ဒုတိယမြောက် password ကိုသာ ဖုန်းသို့ ပို့ပေးတာ ဖြစ်ပါတယ်။ သို့ပေမယ့် Yahoo ကတော့ တစ်ဆင့် တည်းဖြင့် အရာအားလုံး ကို ချောမွေ့ မြန်ဆန်အောင် ဝန်ဆောင်မှုပေးလိုက်ပြီ ဖြစ်ပါတယ်။ 


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment