Powered by Blogger.

Apple Watch ဟာ ပိုက်ဆံဖြုန်းခြင်းသက်သက်ဟု နည်းပညာရှင်ကြီး ၅ဦးပြော


အသစ်ထုတ်လုပ်လိုက်သည့် Apple Watch ကိုအသုံးပြုခြင်းမှာ ပိုက်ဆံဖြုန်းခြင်း သက်သက်ဖြစ်ကြောင်း နည်းပညာထိပ်သီး ၅ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။ ဘက်ထရီ သက်တမ်းမှာ ကြာရှည်မခံခြင်း၊ GPS အသုံးပြု၍မရခြင်း၊ ရေစိုမခံခြင်း စတာတွေဟာ အားနည်းချက်များ ဖြစ်ပါသည်။ တော်ရုံဖြင့်မကွဲသည့် Sapphire မျက်နှာပြင်ဖြင့် ပြုလုပ်ထားသော Apple Watch ဗားရှင်း ၁ ဟာ ဧပြီ ၂၄ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပေမဲ့ ဗားရှင်း ၂ ထွက်ရှိလာမည့် နောင်နှစ်အချိန်ကိုသာ စောင့်ဆိုင်းသင့်ကြောင်းကိုလည်း ၄င်းတို့က ပြောကြားခဲ့ပါသည်။ ရာပေါင်းများစွာသော App များပါရှိသည့် Apple Watch တွေရဲ့ ဈေးနှုန်းတွေကတော့ ကန်ဒေါ်လာ ၄၉၉ ကနေ ဈေးအများဆုံး ကန်ဒေါ်လာ ၂၄၀၀၀ ထိ ရှိကြောင်း သိရပါသည်။ “ဘက်ထရီ တစ်နေ့ထက်ပိုခံပြီး ပိုကောင်းတဲ့ app တွေ၊ GPS စတာတွေ ပါတဲ့ Apple Watch တစ်လုံးလိုချင်တယ်ဆိုရင်တော့၊ စောင့်တာက ပိုကောင်းပါတယ်။ မဟုတ်ရင်တော့ ကန်ဒေါ်လာ ၂၄၀၀၀ ထိ တန်ကြေးမြင့်တဲ့ Apple Watch Version 1 ကို ကိုင်ထားပြီး နောက်ထပ် ၁၁လအကြာမှာ စိတ်ပျက်ရတာတွေနဲ့ ကြုံရနိုင်ပါတယ်။” ဟု Finder မှ ဘဏ္ဍာရေးပညာရှင် Michelle Hutchison ကပြောပါသည်။


Ref : dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment