Powered by Blogger.

လေထဲမှ လျှပ်စစ်ဓာတ်အားကို ရယူပေးမည့် iPhone Case



လေထဲမှ တဆင့် လျှပ်စစ်ဓာတ်အားကို ရယူပေးမည့် iPhone case ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။

Nikola Labs မှ ပြောကြားချက်အရ ထို iPhone Case သည် လေထဲမှ ရေဒီယိုလှိုင်းများကို စွမ်းအင်အဖြစ် ပြောင်းလဲကာ သင့်ဖုန်းအားကို တိုးမြင့်ပေးမှာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် မိုဘိုင်းလ်ဖုန်းများ၏ စွမ်းအင် ၉၀ ရာခိုင်နှုန်းခန့်သည် မိုဘိုင်းလ် ကွန်ယက် ချိတ်ဆက်မှုများ 
 အတွက် လိုအပ်သော ရေဒီယိုလှိုင်းများ ထုတ်လုပ်ရာတွင် ကုန်ဆုံးသွားလေ့ရှိပါတယ် ထိုသို့သော ဖြစ်ရပ်
ကို အခြေခံကာ ဖုန်း၏ စွမ်းအင်ကို ၃၀ရာခိုင်နှုန်းထိ ကြာရှည်ခံလာရန် ပြောင်းလဲလုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

ထို iPhone Case ကို လေးလအတွင်း ၉၉ဒေါ်လာဖြင့် ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။


အသုံးပြုသူများ အနေဖြင့် အခြားချိတ်ဆက်မှု ကိရိယာများနှင့် အင်တာနာများ မလိုအပ်ဘဲ ဖုန်းအားသွင်းနိုင်
မှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

Ref : news.sky.com


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment