Powered by Blogger.

စင်တီမီတာ နဲ့ တိကျမှန်ကန်စွာ နေရာ ဖော်ပြပေးမယ့် GPS စနစ်အသစ်




သင် GPS အသုံးပြုလိုက်တိုင်း သင့်ရဲ့ဖုန်းဟာ သင့်ရဲ့တည်နေရာကို ချက်ချင်း မှန်ကန်စွာ မရှာဖွေပေးနိုင်တာ ကိုကြုံဖူးမှာပါ။ ဒါဟာ သင့်ရဲ့ Navigator က မလုပ်ဆောင်နိုင်တာပါ။

စမတ်ဖုန်းတွေအပါအ၀င် GPS တော်တော်များများ ဟာ ၂၅ ပေပတ်လည်အတွင်းမှာပဲ တိကျမှန်ကန်စွာ ဖော်ပြပေးနိုင်တာပါ။ တစ်ကယ်လို့ သင်က လမ်းတစ်ခုခု (သို့) အဆောက်အဦးတစ်ခုခုကို ရှာဖွေနေရင်တော့ သင် drone တစ်ခုနဲ့ တစ်လမ်းဝင်တစ်လမ်းထွက် ရှာဖွေနေရပါလိမ့်မယ်။

အခုတော့ တက္ကဆက် တက္ကသိုလ်မှာရှိတဲ့ သုတေသီတွေဟာ စင်တီမီတာ နဲ့ တိကျမှန်ကန်စွာ နေရာဖော်ပြပေးနိုင်မယ့် စနစ်တစ်ခု ကို စမတ်ဖုန်း ချပ်စ် တွေ အသုံးပြုပြီး ဖန်တီးလိုက်နိုင်ပါပြီ။

ဒီစနစ်ဟာ ဘယ်လောက်ထိ လုပ်ဆောင်နိုင်မလဲဆိုရင် Virtual Reality Headset တွေနဲ့လည်း တွဲဖက်အသုံးပြုနိုင်ပြီး လူအုပ်ကြီးထဲက လူတစ်ယောက်ကို တည်နေရာ ပြဖို့လောက် အထိ အသုံးဝင်ပါတယ်။

GRID လို့ခေါ်တဲ့ ထို စနစ်သစ်ဟာ တန်ဖိုးနည်း အင်တာနာ တွေကို အသုံးပြုပြီး ဖုန်းရဲ့ ပြင်ပမှာ လုပ်ဆောင်နိုင်မှာပါ။ ဒါပေမယ့်လည်း ထိုစနစ်ဟာ ဖုန်းရဲ့ အတွင်းပိုင်းက Processor ကိုပဲ အခြေခံပြီး အလုပ်လုပ်မှာဖြစ်ပါတယ်။


လက်ရှိမှာ ထို စနစ်နဲ့ ပုံစံတူညီတဲ့ နည်းပညာတွေကိုတော့ လမ်းမတွေပေါ်မှာ ယာဉ်တိုက်မှုတွေ မဖြစ်အောင် ကာကွယ်ဖို့ အသုံးပြုနေပါတယ်။

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment