Powered by Blogger.

ရေအောက် ဖိုက်ဘာကေဘယ်လ် လုပ်ငန်းမှာ Microsoft ငွေ အလုံးအရင်းနဲ့ ရင်းနှီးမြှပ်နှံ




အင်တာနက် ကုမ္မဏီကြီးတွေအတွက်ကတော့ ရေအောက် ဖိုက်ဘာအော့တစ်ကေဘယ်လ် ဆိုတာ အသက်ပါပဲ။

တစ်ချို့ကိစ္စတွေမှာတော့ ပြည်ပက မြန်ဆန်တဲ့ ၀န်ဆောင်မှုတွေကို ပေးဝေရတာ နဲ့ အချည်းနှီး အရှုံးပေးလိုက်တဲ့ လူတွေကို ကြည့်ရတာ ဟာ ခြားနားမှုတော့ရှိပါတယ်။

Microsoft က ဒါကို ကောင်းစွာ သိပါတယ်။ ဒါကြောင့် Bill Gate ရဲ့ microsoft ကုမ္မဏီဟာ အာရှ- ပစိဖိတ် နဲ့ ဥရောပ တို့ကို အင်တာနက်ချိတ်ဆက်မှု မြန်နှုန်း မြှင့်ပေးမယ့် Aqua Comms ၊ Hibernia နဲ့ New Cross Pacific Cable Network တို့မှာ ငွေ အလုံးအရင်းနဲ့ ရင်းနှီးမြှပ်နှံလိုက်ပါတယ်။

Microsoft ကုမ္မဏီကတော့ အနာဂါတ်မှာ အကျိုးအမြတ်အကြီးကြီး ရနိုင်မယ့် သေးငယ်တဲ့ ရင်းနှီးမြှပ်နှံ မှု တစ်ခုလို့ထင်မှတ်ထားပုံရပါတယ်။

တစ်ဖက်မှာလည်း အွန်လိုင်းထုတ်ကုန်တွေဖြစ်တဲ့ Azure Computing Platform နဲ့ Office 365 တို့က လည်း ထင်ထားတာထက် ပိုပြီး အောင်မြင်နေပါတယ်။

တစ်ကယ်တော့ Microsoft ရဲ့ ရင်းနှီးမြှပ်နှံမှုဟာ ပရဟိတ ဆန်တဲ့ အလုပ်တွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အင်တာနက် သုံးစွဲမှု ကို အဆင့်မြှင့်ဖို့ဦးတည်ထား တဲ့ ခရီးရှည်တစ်ခု ဆိုရင်တော့ ဟုတ်ပါလိမ့်မယ်။

Ref: Engadget




Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment