Powered by Blogger.

Nokia ရဲ့ တည်နေရာပြ မြေပုံ စနစ်ကို Facebook မိုဘိုင်းလ်ဗားရှင်းမှာ သုံးစွဲ




သင်ဟာ မိုဘိုင်းလ်ဖုန်းတွေအတွက် Facebook ရဲ့ မြေပုံဟာ လုပ်ဆောင်ချက်တွေ အရမ်းကောင်းမွန်လာတာကို တွေ့ခဲ့မယ်ဆိုရင် အကြောင်းပြချက်ကလည်းရှိနေပါတယ်။

ကမ္ဘာ့လူသုံးအများဆုံး လူမှု ကွန်ရက်ဟာ လက်ရှိမှာ သူ့ရဲ့ တည်နေရာပြ  Location data တွေကို Nokia ရဲ့ မကြာခင် ရောင်းထုတ်တော့မယ့် မြေပုံ စနစ်က နေ အရင်းအမြစ် ရယူထားတာပဲ ဖြစ်ပါတယ်။

TechCrunch သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ Facebook ရဲ့ မိုဘိုင်းလ် ဗားရှင်းမှာပဲ တည်နေရာ ပြ သတင်းအချက် အလက်အသစ်တွေကို ရယူနိုင်တယ်လို့ ဖော်ပြထားပေမယ့် Facebook ဟာ သူ့ရဲ့ တွဲဖက် App တွေဖြစ်တဲ့ Messenger နဲ့ Instagram တို့မှာလည်း ထို မြေပုံစနစ်ကို အသုံးပြုနိုင်ဖို့စီစဉ်နေပါတယ်။

Facebook ဟာ အခုလို Nokia ရဲ့ တည်နေရာပြ မြေပုံ စနစ်ကို ရယူသုံးစွဲပြီး မိုဘိုင်းလ် ဗားရှင်းမှာ မြေပုံ စနစ်ကို အဆင့်မြှင့်တင် လိုက်ခြင်းအားဖြင့် ကြော်ငြာ သမားတွေကို တည်နေရာအလိုက် ကြော်ငြာနိုင်ဖို့ ကုမ္မဏီ က ကမ်းလှမ်းခွင့်ရသွားပါလိမ့်မယ်။

ဟုတ်ပါတယ်။ Facebook ဟာ သူ့ရဲ့ လူမှု ကွန်ရက် ပေါ်မှာတင် အရာ အားလုံးကို ရနိုင်အောင် ကြိုးစားနေတဲ့ ကုမ္မဏီ တစ်ခုလည်း ဖြစ်ပါတယ်။

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment