Powered by Blogger.

GIF ဖိုင်တွေကို အလိုလျောက်ဖော်ပြပေးတော့မယ့် Facebook




ကမ္ဘာ့လူသုံးအများဆုံး လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Facebook ဟာ သူ့ရဲ့သုံးစွဲသူပေါင်း ၁.၄ သန်းကို GIF ဖိုင်တွေကို Post လုပ်ခွင့်ပေးလိုက်ပါပြီ။

အရင်တုန်းကတော့ Facebook သုံးစွဲသူတွေဟာ အကြိုက်ဆုံး GIF တွေရဲ့ link တွေကိုပဲ Post လုပ်လို့ရခဲ့တာပါ။အဲဒီ Post ကို ဘယ်သူမှလည်း GIF ဖိုင်အဖြစ်နဲ့ မမြင်ရပါဘူး။ အဲဒီ link ကိုနှိပ်လိုက်တော့မှ GIF ဖိုင်ကို မြင်တွေ့ရတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Facebook က GIF ဖိုင်တွေကို သုံးစွဲသူတွေရဲ့ News Feed တွေနဲ့ Profile တွေကို အလိုလျောက်ပြသပေးသွားတော့မှာပါ။

GIF ဖိုင်တွေ Post လုပ်ဖို့ကတော့ လွယ်ပါတယ်။ ကိုယ် ပို့စ် လုပ်ချင်တဲ့ GIF ရဲ့ link ကို Status အနေနဲ့ ရေးလိုက်ရုံပါပဲ။ ပြီးရင်ပို့စ်လုပ်လိုက်ပါ။ GIF ကြီးပဲမဟုတ်ပဲ စာသားတွေနဲ့လည်း Status မှာပဲ တွဲပြီးတင်လို့ရနိုင်မှာပါ။

GIF ဖိုင်တွေကို တော့ Google Images ၊ Tumblr နဲ့ Giphy ၊ Imgur တို့လို GIF ဆိုက်တွေမှာလည်း ရယူနိုင်မှာ ဖြစ်ပါတယ်။

သင့်ရဲ့ Facebook က GIF တွေကို မဖော်ပြနိုင်သေးရင်လည်း ခဏစောင့်လိုက်ပါ။ Facebook က တစ်ကမ္ဘာလုံးအတွက် အဆင်ပြေ အောင် ပြောင်းလဲပေးရတဲ့အခါမှာ Spam တွေလည်း ထွက်ပေါ်လာနိုင်ပါသေးတယ်။

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment