ဒီဂိမ်းကို Activision ကုမ္မဏီ က ထုတ်လုပ်တာဖြစ်ပါတယ် |
စကိတ်စီးရတာ ၀ါသနာပါတဲ့ ဂိမ်းသမားတွေအတွက် Tony Hawk's Pro Skater 5 ဆိုတဲ့ ဂိမ်းဟာ Xbox One နဲ့ PlayStation 4 တွေအတွက် ဒီနှစ်ထဲမှာ ထွက်ရှိလာတော့မှာပါ။
Xbox One နဲ့ Play Station 4 တို့ထွက်ရှိလာပြီးမှာသာ Xbox 360 နဲ့ PlayStation 3 ဗားရှင်းတွေကို ထပ်မံ ထုတ်လုပ်သွားမှာဖြစ်တယ်လို့ Game Informers ဇွန်လအတွက် ကာဗာ စတိုရီ ဖော်ပြမှု အရသိရပါတယ်။ ဒီဂိမ်းကိုတော့ Activision ဆိုတဲ့ ကုမ္မဏီ က ထုတ်လုပ်တာဖြစ်ပြီး Robomodo စတူဒီယို မှာ ဂိမ်းကိုရေးဆွဲ ခဲ့တာ ဖြစ်ပါတယ်။
Robomodo စတူဒီယို ဟာ ၂၀၀၉ ခုနှစ်က Tony Hawk: Ride ၊ ၂၀၁၀ က Tony Hawk: Shred နဲ့ ၂၀၁၂ မှာ Tony Hawk's Pro Skater HD စတဲ့ ဂိမ်းတွေကို ရေးဆွဲ ဖန်တီးခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။
အခုထွက်ရှိလာမယ့် Tony Hawk's Pro Skater 5 ဆိုတဲ့ ဂိမ်း မှာတော့ ထူးခြားတဲ့ လုပ်ဆောင်ချက်အသစ် တွေ ထပ်မံ ဖြည့်စွက်ထားတယ်လို့ဆိုပါတယ်။ Power-Ups ဆိုတဲ့ ဂိမ်းကို ပိုမိုလွယ်ကူသွားစေတဲ့ အဆင့် မြှင့် တင်မှု နဲ့ သတ်မှတ်ထားတဲ့ မစ်ရှင်တွေမှာတော့ လက်နက်တွေသုံးပြီးပစ် လို့ ရတဲ့ တင်ဆက်မှု မျိုးလည်း ပါဝင်လာမယ်လို့ သိရပါတယ်။
ဒီဂိမ်းကို အင်တာနက် ချိတ်ဆက်ပြီး ၂ယောက် တွဲ ဆော့နိုင်သလို ၂ ယောက် အမှတ် ပြိုင်တာမျိုးလည်း ချိတ်ဆက် ပြီး ကစားနိုင်ပါတယ်။
Ref : Engadget
0 comments:
Post a Comment