Powered by Blogger.

Starbucks app အသုံးပြုသူတွေထံမှ Hacker တွေ ပိုက်ဆံခိုးယူ




ကမ္ဘာကျော် ကော်ဖီဆိုင်ဖြစ်တဲ့ Starbucks app ကို credit card နဲ့ ချိတ်ဆက်ပြီး ဖုန်းထဲကနေ ငွေပေးချေဖို့ အသုံးပြုသူတွေအတွက် Password ပြောင်းဖို့ အချိန်ကောင်းပါပဲ။

Starbucks ကော်ဖီ ကုမ္မဏီ က အတည်ပြုပြောကြားခဲ့တာကတော့ သူတို့ရဲ့ Starbucks app ကို credi card နဲ့ ချိတ်ဆက်ပြီး အသုံးပြုသူတွေရဲ့ ငွေတွေကို ခိုးယူမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း hacker တွေက အခြား ပုဂ္ဂိုလ်ရေးဒေတာ တွေကို မယူသွားသလို Apple Watch နဲ့ ငွေပေးချေမှုကိုလည်း မထိခိုက်နိုင်ဘူးလို့ Starbucks က တာဝန်ရှိသူတွေက ဆိုပါတယ်။

ကုမ္မဏီရဲ့ပြောကြားချက်အရတော့ ဒါဟာ ကုမ္မဏီ ရဲ့ ပေါ့ဆမှုကြောင့် မဟုတ်ပဲ ၀ယ်ယူသူတွေရဲ့ Password ကိုလွယ်ကူစွာပေးထားမှုကြောင့်ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် app သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ Credit Card တွေနဲ့ ချိတ်ဆက်ထားမှု ကို မပြုလုပ်သင့်ပဲ အကောင့်ရဲ့ password ကိုပြောင်းလဲထားသင့်တယ်လို့ ကုမ္မဏီ တာဝန်ရှိသူတွေက ဆိုပါတယ်။

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment