Powered by Blogger.

၁၉၇၆ ခုနှစ်ထုတ် Apple ရဲ့ အော်ရီဂျင်နယ် ကွန်ပျုတာတစ်လုံးကို အမည်မဖော်လို အမျိုးသမီး လှုဒါန်း




ကယ်လီဖိုးနီးယား ပြည်နယ်က အမျိုးသမီး တစ်ယောက်ဟာ ကွန်ပျူတာ သမိုင်းမှာ အကြီးမြတ်ဆုံးဖြစ်ခဲ့တဲ့ ဖန်တီးမှုတွေကို ဧပြီလက recycling ကုမ္မဏီတစ်ခုကို လာရောက် လှုဒါန်းသွားတယ်လို့ သိရပါတယ်။

San Jose Mercury သတင်းဌာန ရဲ့ ဖော်ပြချက်အရ အမည်မဖော်လိုသူ အမျိုးသမီး တစ်ယောက် ဟာ Silicon တောင်ကြားက Clean Bay Area ကို အီလက်ထရောနစ် ပစ္စည်း ၂ ဘူး နဲ့ ရောက်လာခဲ့ပါတယ်တဲ့။

သူမက သူမရဲ့ ခင်ပွန်းသေဆုံးပြီးတဲ့နောက် သူမရဲ့ နေအိမ်ကို ရှင်းလင်းရေး လုပ်ခဲ့ပြီး ထို ပစ္စည်းတွေကို လာရောက်လှုဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထို အမျိုးသမီး က ကုမ္မဏီ ကို နာမည်ပြောဖို့တော့ ငြင်းဆန်ခဲ့တယ်လို့ Clean Bay Area ရဲ့ ဒု- ဥက္ကဋ္ဌ Victor Gichun က ဆိုပါတယ်။

ဂိုဒေါင် အလုပ်သမားတွေကလည်း ထို ဘူး တွေကို မသယ်ဆောင်သွားခဲ့ပါဘူး။ အဲဒီဘူးတွေက လှုဒါန်းထားတာဖြစ်နေလို့ပါ။ ၂ ပတ်ခန့်အကြာမှာတော့ ထို ဘူး၂ဘူးထဲ က ၁ ဘူးက Apple ရဲ့ I Computer ပါဝင်နေတာကို သိခဲ့ရတာပဲဖြစ်ပါတယ်။

ထို ကွန်ပျုတာဟာ Steve Jobs ၊ Steve Wozniak နဲ့ Ron Wayne တို့ ၃ ယောက် ၁၉၇၆ မှာ ပထမဆုံး Apple ကိုတည်ထောင်စဉ်က ထုတ်လုပ်ခဲ့တဲ့ အောရီဂျင်နယ် Desktop အလုံး ၂၀၀ ထဲက ၁ လုံး လို့ ယူဆထားကြပါတယ်။

အရင်တုန်းက ရှိခဲ့တဲ့ I Computer တစ်လုံးဟာ မနှစ်က ဒေါ်လာ ၇၅၀၀၀၀ နဲ့ လေလံတင်ရောင်းချခဲ့ဖူးပြီး အဲဒီ ရှေ့နှစ်တုန်းကလည်း I Computer တစ်လုံးကို ဒေါ်လာ ၆၇၅၀၀၀ နဲ့ ရောင်းချခဲ့ဖူးပါတယ်။

ဒါကြောင့်လည်း Clean Bay Area က ထို လှုဒါန်းသူ အမျိုးသမီးကို ဒေါ်လာ ၁၀၀၀၀၀ တန် ချက်လက်မှတ်ပေးဖို့ လိုက်လံရှာဖွေနေပြီး အခုကစပြီး Clean Bay Area မှာ လှုဒါန်းသူတွေကို သတင်းအချက်အလက် အပြည့်အစုံ ဖော်ပြပေးဖို့ ညွှန်ကြားနေပြီလို့လည်း သိရပါတယ်။

Ref : Elitedaily
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment