Powered by Blogger.

စတာလင်ပေါင် ၅၀ သာ တန်ဖိုးကျသင့်မယ့် Skullcandy Grind




၂၀၀၃ ခုနှစ်ကတည်းက headphone ထုတ်လုပ်ရေး ဈေးကွက် ထဲကို ခြေချလာတဲ့ အမေရိကန် ကုမ္မဏီ Skull Candy ဟာ စတာလင် ပေါင် ၄၀ ၀န်းကျင်ပဲ ကျသင့်မယ့် on-ear နားကြပ် တစ်ခုကို ထုတ်လုပ်ခဲ့ပြီးတဲ့နောက်မှာ စတာလင်ပေါင် ၅၀ ၀န်းကျင်လောက် တန်ဖိုးရှိမယ့် အရည်အသွေးမြင့် Skullcandy Grind ဆိုတဲ့ headphone ကို ထုတ်လုပ်လိုက်ပြန်ပါပြီ။

ဒီတစ်ခါမှာတော့ Skullcandy ဟာ အသံထွက် ကောင်းမွန်ဖို့ တစ်ခုတည်းကိုပဲ အာရုံစိုက်ခဲ့ပြီး မလိုအပ်တဲ့ အလှအပ အစိတ်အပိုင်းတွေကို ဖယ်ရှားလိုက်ပါတယ်။

ရိုးရှင်းတဲ့ ပုံစံ နဲ့ထုတ်လုပ်ထားတဲ့ Skullcandy Grind ဟာ နားမှာတပ်ထားရင် သက်တောင့်သက်သာ ရှိနေစေမယ့် နူးညံ့တဲ့ ဖော့ နေရာတွေလည်း ပါဝင်ပြီး မြင်နေရတဲ့ ပုံစံထက်ပိုပြီး သက်တောင့်သက်သာရှိနေစေမှာဖြစ်ပါတယ်။ ကိုင်း ကိုလည်း သတ္တု နဲ့ ပြုလုပ်ထားတဲ့အတွက် ခိုင်ခံ့မှု အတွက်တော့ စိတ်ချရမှာပါ။

bass နဲ့ mid အသံတွေကို ကောင်းမွန်စွာ ထွက်ရှိပေးမယ့် Skullcandy Grind ဟာ ဂီတ အမျိုးအစား အားလုံးနဲ့ သင့်တော်မှာပါ။နားကြပ်ပေါ်မှာတင် Play/Pause နဲ့ Skip ခလုတ်တွေကို ထည့်သွင်းပေးထားသလို အသံ ပမာဏ ကို ဂိတ်ဆုံးတင်ပြီး နားထောင်နေရင်တောင် ထို သီချင်းသံတွေဟာ ၃.၅ မီလီမီတာ ကျယ်တဲ့ နားကြပ်ခွက်ထဲကနေ အပြင်ကို တစ်စွန်းတစ်စ သာ ထွက်လာနိုင်မှာပါ။

ခြုံငုံပြောရမယ်ဆိုရင်တော့ Skullcandy Grind ဟာ တန်ဖိုးနည်းပြီး အရည်အသွေးမြင့်နေတာပါပဲ။ စတာလင်ပေါင် ၅၀ လောက်နဲ့ အသံထွက်ကောင်းမွန်တဲ့ headphone ကိုရှာမယ်ဆိုရင်တော့ Skullcandy Grind ဟာ အသင့်တော်ဆုံး ဖြစ်နေမှာပါ။

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment