Powered by Blogger.

Windows 10 ကို ဇူလိုင် ၂၉ ရက်မှာ ထုတ်လုပ်မည်




Microsoft ရဲ့ OS အသစ် Windows 10 ဟာ ဇူလိုင် ၂၉ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပြီး Windows 7 နဲ့ Windows8 အသုံးပြုသူတွေအတွက် အခမဲ့ Upgrade ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့ ကုမ္မဏီက တရားဝင် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တစ်ကမ္ဘာလုံးက Windows  အသုံးပြုမယ့်သူတွေဟာ သူတို့ရဲ့ အသိပေးမှု ဇယားထဲမှာ အမှတ်အသား အသစ်တစ်ခု ရှိနေတာကို တွေ့ရမှာပါ။

အကယ်၍ သင်ဟာ ထို အမှတ်အသားပေါ် ကလစ်ခ် နှိပ်လိုက်ရင် Upgrade လုပ်တဲ့ လုပ်ငန်း စတင်ပါလိမ့်မယ်။ ဒါဟာ Windows 10 အဖြစ် Upgrade ပြုလုပ်ရမယ့် ပုံစံ ဖြစ်ပါတယ်။ ဒါမှ မဟုတ် ကြိုတင် reserve လုပ်ထားမယ်ဆိုရင်တော့ ဇူလိုင် ၂၉ ရက်မှာ ဒေါင်းလုဒ် ဘယ်လိုပြုလုပ်ရမယ်ဆိုတဲ့ အီးမေးလ် ရောက်ရှိလာပါလိမ့်မယ်။

ဒီ Operating System အသစ်ဟာ လပေါင်းများစွာ ရေးဆွဲဖန်တီးခဲ့ရတာဖြစ်ပြီး Windows 9 ကို ကျော်လွန်ပြီး ဖန်တီးလိုက်တာပဲဖြစ်ပါတယ်။

Windows 10 မှာတော့ Internet Explorer ကို ဖြုတ်ချလိုက်ပြီး Upgrade ပြုလုပ်ထားပြီးသား Browser တစ်ခုဖြစ်တဲ့ Microsoft Edge ကို ထည့်သွင်းပေးထားပြီး Cortana လို့ ခေါ်တဲ့ ကိုယ်ရေးကိုယ်တာ လက်ထောက် အဖြစ် အသုံးပြုနိုင်မယ့် ဆော့ဖ်ဝဲလ် နဲ့ Xbox One ဂိမ်းရဲ့ သတင်းတွေကို ကြည့်ရှုဖို့လည်း အသုံးပြုနိုင်ပါတယ်။

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment