Powered by Blogger.

အသံထက် ၅ဆ မက မြန်နိုင်မယ့် ယာဉ်ပျံတစ်မျိုးကို အမေရိကန် လေတပ် တီထွင်




အာကာသ ခေတ်ကို ရောက်လာပြီလို့ သက်သေပြလို့ ရတဲ့ ဖန်တီးမှုတွေ ထွက်ပေါ်လာနေပါပြီ။ ဒါပေမယ့် ၈ နာရီ ၀န်းကျင် လောက် အချိန် ယူ ပျံသန်းရတဲ့ နယူးယော့ခ်ကနေ လန်ဒန်ကို သွားဖို့ တစ်နာရီလောက်ပဲ အချိန်ယူရတယ်ဆိုတာဟာ  ၈ နှစ်စာလောက် ခေတ်ရှေ့ပြေးသွားတာပဲ ဖြစ်ပါတယ်။

အမေရိကန် လေတပ်ဟာ Hypersonic ယာဉ်ပျံ တစ်စီးကို တည်ဆောက်နေပါတယ်။ ထို လေယာဉ်တည်ဆောက်မှု အောင်မြင်လာရင်တော့ လန်ဒန် မှာနေထိုင်သူတွေအနေနဲ့ နယူးယော့ခ်က Central Park ကို နေ့ချင်းပြန် ပျော်ပွဲစား ခရီးထွက်နိုင်တော့မှာပါ။

ထို Hypersonic လေယာဉ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်က တစ်နာရီကို ၃၈၈၂ မိုင်နှုန်းနဲ့ ပစိဖိတ် သမုဒ္ဒရာ အထက် ပေ ၆ သောင်း ပေါ်က ပျံသန်းပြခဲ့တဲ့ X-51 Waverider ယာဉ်ပျံ ကို အခြေခံပြီးထုတ်လုပ်ထားတာဖြစ်တယ်လို့ အမေရိကန် လေတပ်ရဲ့ သိပ္ပံပညာရှင် Mica Endsley က ဆိုပါတယ်။

"X-51 ဟာ စမ်းသပ်မှု ရဲ့ သက်သေတစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒါကနေ စခရမ်း ဂျက်အင်ဂျင် တစ်ခခုကို ရနိုင်တယ်ဆိုတာကို တွေ့ခဲ့ပြီး လေယာဉ်တစ်စီး ကိုဖန်တီးလိုက်မယ်ဆိုရင်တော့ အသံထက် ၅ ဆ မြန်တဲ့ အမြန်နှုန်းနဲ့ Hypersonic တစ်စီးကို ရလာနိုင်မှာပါ" လို့ Endsley က ဆိုပါတယ်။

ထို ယာဉ်ပျံဟာအသံ ထက် ၅ ဆ မက ပိုမြန်နိုင်ပြီး ဆီမကုန်မချင်း ထို အမြန်နှုန်းနဲ့ ပျံသန်းနေမှာပါ။ ဒါဟာ ဝေဟင် hypersonic လက်နက် စနစ် အတွက် အောင်မြင်တဲ့ စစ်ဆေးမှု တစ်ခုဖြစ်လာမှာ ဖြစ်တယ်လို့လည်း အမေရိကန် လေတပ် တာဝန်ရှိသူတွေက ဆိုထားပါတယ်။

ဒါပေမယ့်လည်း ထို နည်းပညာတွေကို အမေရိကန် လေတပ် က လက်နက် ထုတ်လုပ်တပ်ဆင်ရေး မှာ ပဲ အသုံးပြုသွားဖွယ်ရှိနေပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment