Powered by Blogger.

Sony Xperia Z4 tablet အကြောင်း သုံးသပ်ချက်




Sony Xperia Z4 tablet  မှာ ၁၀.၁၀  လက်မ အထိ ကျယ်ဝန်းတဲ့ မျက်နှာပြင်ပါရှိမှာဖြစ်သလို၂၅၆၀x၁၆၀၀ resolutions အထိ ကြည်လင်ပြတ်သားမှု ရှိပြီး processor အဖြစ်  2GHz Octa core၊ Qualcomm Snapdragon 810 ၊ RAM 3GB နဲ့ Andriod version 5.0 တို့ကို အသုံးပြုထားပါတယ်။

Qualcomm Snapdragon 810 ဟာ Z4 tablet ကို ဂိမ်းဆော့တဲ့အခါမျိုးမှာ အလွန်လျင်မြန်တဲ့ လုပ်ဆောင်ချက်တွေ ရရှိလာ အောင် အထောက်အပံပေးနိုင်မှာဖြစ်ပါတယ်။

ကင်မရာပိုင်းနှင့် ပတ်သက်ရင်လည်း  selfie ရိုက်ရတာ ၀ါသနာပါသူတွေ အတွက် အရှေ့ ကင်မရာ ကို 5.1 megapixel. အနောက်ကင်မရာ ကို 8.1 megapixel အထိ အသုံးပြု ထားပြီး Flash မီးတော့ ပါဝင်ခြင်းမရှိပါဘူး။

ဘက်ထရီ ကတော့ 6000 mAh ဖြစ်ပြီး video ကြည့်မယ်ဆိုရင် ၁၇ နာရီ ထိ မနားတမ်း ဖွင့်ထားနိုင်ပါတယ်။ memory  32GB ပါဝင်ပြီး SD card ကို 128GB အထိ ထပ်မံ တိုးချဲ့ အသုံးပြုနိုင်ပါတယ်။

Sony Xperia Z4 ဟာ အလေးချိန်အနေနဲ့  ၃၈၉ဂရမ် လေးလံ ကာ ထုထည် အနေ နဲ့ 6.1mm ထိ ပါးလွာပြီး ရေစိမ်ခံနိုင်ခြင်း၊ ဖုန်မ၀င်ခြင်းတို့ ကြောင့် သင့်အနေ နဲ့ ရေကူးကန်၊ ရေချိုးကန်များတွင် စိတ်ပူစရာမလိုပဲ အသုံးပြုနိုင်မှာဖြစ်ပြီး ရေအောက်ထဲက လှုပ်ရှားမှုတွေကို ပါ မှတ်တမ်းတင်နိုင်မှာ ဖြစ်ပါတယ်။

ဈေးနှုန်းအနေနဲ့ကလည်း Wi-Fi 32 GB  ကို စတာလင် ပေါင် ၄၉၉ နှင့်  4G 32 GB ကို တော့ စတာလင် ပေါင် ၅၄၉ ထိ ရှိပါတယ်။

( NSD )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : london24
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment