Powered by Blogger.

မြန်မာ ၀က်ဘ်ဆိုက် Shweproperty.com မှာ နိုင်ငံခြား ရင်းနှီးမြှပ်နှံ မှု တစ်ခု ၀င်ရောက်

Local News




မြန်မာနိုင်ငံမှာ အိမ် ၊ ခြံ ၊ မြေ ဈေးကွက် ၀န်ဆောင်မှု လုပ်ငန်းနဲ့ ၄ နှစ်ကျော်ခန့် ရပ်တည်လာခဲ့တဲ့ Shweproperty.com ၀က်ဘ်ဆိုက်ဟာ လုပ်ငန်းပိုမိုကြီးမား ကျယ်ပြန့် စေဖို့ အတွက် နိုင်ငံခြားစီးပွားရေး ရင်းနှီးမြှပ်နှံမှု တစ်ခု ၀င်ရောက် ရင်းနှီးမြှပ်နှံခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

Shweproperty.com အိမ် ၊ ခြံ ၊မြေ ဈေးကွက် ၀န်ဆောင်မှု ၀က်ဘ်ဆိုက်ဟာ ၂၀၁၁ ခုနှစ်မှာ စတင် တည်ထောင် ခဲ့ပြီး မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေး ကာလမှာ အစောဆုံး ထွက်ပေါ်လာခဲ့တဲ့ အိမ် ၊ ခြံ ၊ မြေ ၀က်ဘ်ဆိုက်တစ်ခုလည်း  ဖြစ်ပါတယ်။

Shweproperty.com ဆိုတဲ့ ၀က်ဘ်ဆိုက်ကို တည်ထောင်သူ မန်နေဂျင်းဒါရိုက်တာ ဖြစ်တဲ့ ကိုကောင်းသူဝင်းဟာ မြန်မာနိုင်ငံမှာ ပညာရေးပြီးမြောက်သွားစဉ်ကတည်း စင်္ကာပူနိုင်ငံမှာ ပြောင်းလဲ အခြေချနေထိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာမှ ကိုယ်ပိုင်စုဆောင်းငွေနဲ့ Shweproperty.com ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အရှိန်အဟုတ်မြင့်လာပြီး အင်တာနက် သုံးစွဲမှု အား ကောင်းလာတဲ့နောက် ၂၀၁၄ ခုနှစ်မှာ ကိုကောင်းသူဝင်းဟာ မြန်မာနိုင်ငံကို ပြန်လာပြီး Shweproperty.com ၀က်ဘ်ဆိုက်ကို ကုမ္မဏီ တစ်ခုအဖြစ်တည်ထောင်ကာ လုပ်ငန်းတွေ ပိုမို တိုးချဲ့ဖို့ ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။

“Shweproperty.comကို ကိုယ်ပိုင်လုပ်ငန်းတစ်ခုအနေနဲ့ ၅ နှစ်ကျော်ရပ်တည်ပြီးတဲ့နောက်မှာ ကုမ္မဏီ အတွက် စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်ဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ ကုမ္မဏီရဲ့ အနာဂတ် တိုးတက်ဖို့အတွက် ယုံကြည်စိတ်ချရပြီး မှန်ကန်တဲ့ ပါတနာ ရဖို့ကတော့ အရေးကြီးပါတယ်။ အခုတော့ အဲဒီ ပါတနာကိုတွေ့ပါပြီ။ သူကတော့ Mr.Justin Sway ပါပဲ” လို့ Shweproperty.com ရဲ့ မန်နေဂျင်းဒါရိုက်တာ ကို ကောင်းသူဝင်းက ပြောပါတယ်။

နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဆိုပေမယ့်လည်း ရင်းနှီးမြှပ်နှံမယ့် Mr.Justin Sway ဟာ မြန်မာနိုင်ငံမှာ မွေးဖွားခဲ့သူဖြစ်ပြီး ငယ်စဉ်ကတည်းက မိဘများရှိတဲ့ သြစတြေးလျ နိုင်ငံသို့ ပြောင်းရွှေ့ခဲ့ပြီး သြစတြေးလျမှာပင် ပညာရေးပြီးဆုံးခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ Mr.Justin Sway ဟာ နိုင်ငံပေါင်း ၁၅ နိုင်ငံမှာ ရင်းနှီးမြှပ်နှံ မှု များစွာဖြင့် စီးပွားရေးအတွေ့အကြုံ ကြွယ်ဝသူတစ်ဦးဖြစ်ပြီး စင်္ကာပူ အခြေစိုက် Investment Firm တစ်ခုကိုလည်း ဦးဆောင်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

“ပြောင်းလဲတိုးတက်လာတဲ့ မြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက်အတွက် အကောင်းဆုံး ၀န်ဆောင်မှု ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ချင်း တိုက်ဆိုင်လို့ ပူးပေါင်းဖြစ်ခဲ့တာပါ။ အခုလို ဘဏ္ဍာရေး ၊ စီးပွားရေး အတွေ့အကြုံတွေ ထပ်မံ ပေါင်းစည်းလိုက်ခြင်းဟာ Customer တွေအတွက် ပိုမိုကောင်းမွန်တဲ့ ၀န်ဆောင်မှုတွေပေးနိုင်ပြီး ဈေးကွက်နယ်ကယ်မှာလည်း အခုထက် မြင့်မားတဲ့ အနေအထားကိုရောက်လာနိုင်မှာပါ” လို့ ကိုကောင်းသူဝင်းကဆိုထားပါတယ်။

www.Shweproperty.com အိမ် ၊ ခြံ ၊ မြေ ဈေးကွက် ၀န်ဆောင်မှု ၀က်ဘ်ဆိုက် အတွက် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတစ်ခုဖြစ်တဲ့ Mr.Justin Sway ရဲ့ ရင်းနှီးမြှပ်နှံမှု ပမာဏ အတိအကျ ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေမယ့်လည်း ရင်းနှီးမြှပ်နှံမှု ပမာဏ ကိန်းဂဏာန်း ( ၆ ) လုံးခန့် ကတော့ ကုမ္မဏီအတွက် တိုးချဲ့ရန် လုံလောက်တယ် လို့ ကိုကောင်းသူဝင်းရဲ့ ပြောကြားချက်အရသိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment