Powered by Blogger.

iOS ဖုန်းတွေအတွက် Google ရဲ့ ရှာဖွေမှု ပုံစံ အသစ်




Google ဟာ Android အသုံးပြုသူတွေကို ၂၀၁၃ ကတည်းက google app မှာ Search လုပ်တဲ့အခါ မိမိ ရဲ့ ဖုန်းထဲမှာ သွင်းထားတဲ့ app တွေနဲ့ နီးစပ်တဲ့ link တွေကိုပါဖော်ပြပေးခဲ့ပါတယ်။

iOS အသုံးပြုသူတွေလည်း ထိုနည်းလမ်းကို အသုံးပြုနိုင်တော့မှာပါ။ပြီးခဲ့တဲ့ အပတ်က ပြုလုပ်ခဲ့တဲ့ I/O အခမ်းအနားမှာပဲ Google ကရှင်းပြခဲ့ပါတယ်။ ဒီတစ်ပတ်ကစပြီး Google app နဲ့ Chrome တို့ကို iOS မှာ အသုံးပြုတဲ့အခါ ထည့်သွင်းတပ်ဆင်ထားတဲ့ app တွေနဲ့ ဆက်စပ်နေတဲ့ ရလဒ်တွေကို ဖော်ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဥ ပမာ အနေနဲ့ သင်ဟာ iOS မှာ Bombay Cricket Club လို့ ရိုက်ထည့်လိုက်ရုံနဲ့ Google က OpenTable ဆိုတဲ့ app ကိုဖော်ပြပေးပါလိမ့်မယ်။ ထို app မှာတော့ Bombay Cricket Club အတွက် ကြိုတင်လက်မှတ်တွေမှာယူနိုင်သွားမှာဖြစ်ပါတယ်။

ထို လုပ်ဆောင်ချက်ဟာ တစ်ကမ္ဘာလုံး အတိုင်းအတာ နဲ့တော့ အဆင်မပြေနိုင်သေးပါဘူး။ Eat24 ၊ Free Dictionary ၊ Huffingtonpost ၊ Open Table ၊ Pinterest ၊ Sat Geek ၊ Slide Share ၊ Tapatalk ၊ Yellow Pages ၊ YouTube နဲ့ Zillow တို့နဲ့ ပတ်သက်တဲ့ Content တွေကိုပဲ Google က ဖော်ထုတ်ပေးမှာပါ။

အကယ်၍ သင့်မှာ အဲဒီ app တွေ တစ်ခုမှ မရှိရင်လည်း Google က ထို apps ကို တပ်ဆင်လို့ရနိုင်အောင် ဖန်တီးပေးမယ်လို့ ကြေညာထားပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment