ဖောက်သည်တွေရဲ့ လူမှုကွန်ရက် အကောင့်တွေကို လျှို့ဝှက်စွာ ထောက်လှမ်းနေတယ်လို့ Amazon စွပ်စွဲခံရ
အွန်လိုင်း လက်လီလက္ကား ဈေးကွက်တစ်ခုဖြစ်တဲ့ Amazon ဟာ လူတစ်ယောက်ကို စာအုပ်တစ်အုပ်ရဲ့ သုံးသပ်ချက်ရေးသားခြင်းကိုတားမြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထို မှတ်ချက်ရေးသားသူဟာ စာအုပ်ရောင်းချတဲ့ စာရေးဆရာ နဲ့ သူငယ်ချင်းတွေဖြစ်တယ်လို့ ကုမ္မဏီ ကမှတ်ယူလိုက်တဲ့အတွက်ပါ။
Imy Santiago ဆိုသူ အမျိုးသမီး တစ်ဦးဟာ အမည်မဖော်လိုသူ စာရေးဆရာ တစ်ယောက်ရဲ့ စာအုပ်တစ်ခုကို မှတ်ချက် အကြိမ်ကြိမ် ရေးသားခဲ့ပြီး သူမရေးသားတိုင်း ဆိုက်ရဲ့ ပေါ်လစီ နဲ့ ငြိစွန်းနေတယ်ဆိုတဲ့ အကြောင်းကြားစာကိုပဲ ပြန်လည် ရရှိခဲ့ပါတယ်။ ဒါကြောင့်သူမဟာ ထို ဆိုက်တာဝန်ရှိသူတွေကို အကြောင်းပြချက်ပေးဖို့ အတင်းအကျပ်တောင်းဆိုတဲ့အခါမှာတော့ ဆိုက်ကပြန်ပြောခဲ့တာက သူမဟာ စာရေးဆရာ နဲ့ သူငယ်ချင်း ဖြစ်နေလို့ပါတဲ့။
အဖြေအရတော့ ဒါဟာ လက်ခံနိုင်စရာရှိပါတယ်။ လက်ခံနိုင်စရာမရှိတာက Amazon ဟာ Santaigo နဲ့ စာရေးဆရာ နဲ့ သူငယ်ချင်းဖြစ်တယ်ဆိုတာ ဘယ်လိုသိတာပါလည်း။ Santiago ရဲ့ ပြောကြားချက်အရတော့ သူမဟာ ထိုစာရေးဆရာ ရဲ့ စာအုပ်တွေကို ဖတ်ရှုပြီးတဲ့နောက် သဘောကျတဲ့အတွက် ထိုစာရေးဆရာ ရဲ့ လူမှုကွန်ရက် အကောင့်အားလုံးမှာ Friend Request ပေးပို့ခြင်း Follow လုပ်ခြင်းတို့ ပြုလုပ်ထားခဲ့တာပဲ ဖြစ်ပါတယ်တဲ့။
ဒါကြောင့် ဒါဟာ Amazon က သုံးစွဲသူ Customer တွေရဲ့ လူမှုကွန်ရက် Profile တွေကို ပါ ၀င်ရောက်ကြည့်ရှုပြီး ခြေရာခံနေတယ်လို့ Santiago က စွပ်စွဲလိုက်တာပဲ ဖြစ်ပါတယ် ။
( Mario )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Engadget
0 comments:
Post a Comment