သင် သွားရောက်ခဲ့တဲ့ နေရာတွေကို မြေပုံပေါ်မှာ ဖော်ပြပေးမယ့် Your Timeline ဆိုတဲ့ Feature အသစ်ကို Google က အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။
အဆိုပါ Feature ကို Website နှင့် Android OS သုံး ဖုန်းများအတွက် ဦးစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဒီ Feature အသစ်ဟာ သင်သွားခဲ့တဲ့နေရာ တွေနဲ့ အသုံးပြုခဲ့တဲ့ လမ်းတွေကို မှတ်သားရာမှာ အသုံးဝင်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
" Your Timeline ဟာ သင့်ရဲ့ တကယ့်ဘ၀က သွားလာနေတဲ့ လမ်းကြောင်းတွေကိုမျက်စိနဲ့ မြင်ရအောင် ပုံဖော်ပေးမှာပါ " လို့ Google ၏ Project Manager တစ်ယောက်ဖြစ်တဲ့ Gerard Sanz က Blog တစ်ခုမှာ ပြောကြားပါတယ်။
ဒါပေမယ့် ဒီ Feature ဟာ Google အနေနဲ့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ဘယ်လောက်ထိ စုဆောင်းထားလဲဆိုတဲ့အချက်ကို သတိမူမိစေပါတယ်။ ကြော်ငြာခြင်းမှာ အရင်းအနှီး မြောက်မြားစွာ ပြုလုပ်ထားတဲ့ Google ကုမ္ပဏီဟာဆိုရင် ဘယ်နေရာတွေကိုသွားတယ်၊အွန်လိုင်းပေါ်မှာ ဘယ်အချက်အလက်တွေကို ရှာတယ် ဆိုတဲ့ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေပေါ်မှာ မှီခိုရတာ ဖြစ်ပါတယ်။
ကိုယ်ရေးအချက်အလက် လုံခြုံမှု အကြောင်း ပြောဆိုသူတွေကတော့ Google အနေနဲ့ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို သိရှိထားတဲ့ လက်ရှိအခြေအနေကို ပင် ဝေဖန်လျက် ရှိပါတယ်။
Google အနေနဲ့လည်း ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက် စီမံထားတယ် လို့ ဆိုပါတယ်။
အသုံးပြုသူဟာTimeline ပေါ်က သူ တစ်နေ့တာ သွားခဲ့တဲ့ နေရာတွေအကြောင်း လို သူ ဖျက်ပစ်ချင်တဲ့ အရာကို ဖျက်လို့ ရပါတယ်။ Timelineတစ်ခုလုံးကိုလည်း ဖျက်ပစ်နိုင်ပါတယ်။ ဒါ့အပြင် မြေပုံပေါ်က နေရာတွေရဲ့ နာမည်တွေကိုလည်း ပြင်ဆင်နိုင်ပြီး နေရာ ခြေရာခံတဲ့ ၀န်ဆောင်မှုတွေကိုလည်း အသုံးမပြုလိုပါက ပိတ်ထားနိုင်ပါတယ်။
( TMW )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : CNet
0 comments:
Post a Comment