Powered by Blogger.

Motorola က ထုတ်လုပ်တော့မယ့် အရည်အသွေးမြင့် တန်ဖိုးနည်း စမတ်ဖုန်း




တတိယ မျိုးဆက် Moto G ဟာ Motorola အမှတ်တံဆိပ်ရဲ့ အညံ့ဖျင်းဆုံး လျှို့ဝှက်ချက်တစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ ဘရာဇီးလ်နိုင်ငံက လက်လီလက္ကား ဖုန်းရောင်းချသူတစ်ဦးက ကြော်ငြာ မဟုတ်တဲ့ ဓါတ်ပုံ တစ်ပုံကို Post လုပ်ခဲ့ပါတယ်။

ဒီဓါတ်ပုံမှာပါဝင်တဲ့ ဖုန်းကတော့ အထုပ်အပိုးတောင် မဖြေရသေးပဲ ဒီဖုန်းဟာ Motorola ရဲ့ နောက်ဆုံး ထုတ်လုပ်မယ့် တန်ဖိုးနည်း စမတ်ဖုန်းပဲ ဖြစ်မယ်လို့ CNet သတင်းဌာနက ခန့်မှန်းလိုက်ပါတယ်။

လက်ရှိနောက်ဆုံးထုတ်လုပ်ပြီးသား Motorola ရဲ့ 1.2GHz processor အစား ထပ်မံ မြှင့်တင်ပြီး 1.4GHz quad-core processor ကို အသုံးပြုထားတာကိုတွေ့ရပါတယ်။ ကင်မရာ အနေနဲ့လည်း 13-Megapixel ကြည်လင်ပြတ်သားမှု ရှိတဲ့ အနောက် ကင်မရာ တစ်လုံးကိုထည့်သွင်းထားပါတယ်။ အရှေ့ကင်မရာအနေနဲပလည်း 5-Megapixel ကြည်လင်ပြတ်သားမှုရှိပြီး Selfie ဓါတ်ပုံရိုက်လို့ကောင်းမယ့် ကင်မရာ တစ်ခုပါဝင်ပါသေးတယ်။

မျက်နှာပြင် အရွယ်အစားလည်း ၅ လက်မ ကျယ်ဝန်းတဲ့အပြင် 720p ကြည်လင်ပြတ်သားတဲ့ မျက်နှာပြင် ၊ 16GB သိုလှောင်ပမာဏ နဲ့ ဘရာဇီးလ်နိုင်ငံမှာ ခေတ်အစားဆုံး စမတ်ဖုန်း လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ Digital TV Tuning ကိုလည်း ထည့်သွင်းထားတာကိုတွေ့ရမှာပါ။ ဒီလောက်ထိ လုပ်ဆောင်ချက်တွေကောင်းမွန်နေတဲ့ တန်ဖိုးနည်း စမတ်ဖုန်းဟာ SIM ကတ် ၂ ကတ် ထည့်သွင်းနိုင်တဲ့ Dual SIM ဖုန်းအမျိုးအစားပဲ ဖြစ်ပါတယ်။

ဒီ စမတ်ဖုန်းရဲ့ တန်ဖိုးကို အတိအကျ မသိရသေးတဲ့အတွက် သိုလှောင်ပမာဏ ပေါ်လိုက်ပြီးဈေးအပြောင်းအလဲ ဖြစ်နိုင်မလားဆိုတာကိုတော့ ကျွမ်းကျင်သူတွေလည်း မခန့်မှန်းတတ်ခဲ့ကြပါဘူး။ ဒါပေမယ့်လည်းဒီ ဖုန်းကို Motorola ရဲ့ နှစ်စဉ် အခမ်းအနားတစ်ခုဖြစ်တဲ့ ဇူလိုင် ၂၈ ရက်နေ့အခမ်းအနားမှာ မိတ်ဆက် ပြသသွားမှာ ဖြစ်တယ်လို့လည်း ကြားသိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : CNet
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment