SMS ဖခင်ကြီး အသက် ၆၉နှစ်မှာ ကွယ်လွန်
ယနေ့ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ မိုဘိုင်းလ်ဖုန်းကနေ စာတိုပို့တဲ့စနစ်(SMS) ကို တီထွင်ခဲ့တဲ့သူလို့ သတ်မှတ်ခံရတဲ့ ဖင်လန် လူမျိုး အင်ဂျင်နီယာ Matti Makkonen ဟာ ဒီကနေ့မှာ အသက် ၆၉ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။
ဒါပေမယ့် Matti ဟာ နေမကောင်းဖြစ်နေစဉ်ကာလ အတွင်းမှာပဲ တီထွင်မှုကို သူ တစ်ဦးတည်း ပြုလုပ်ခဲ့တာ မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။
ဒီ ဝန်ဆောင်မှုကို နာမည်ကျော်ကြားစေခဲ့တာကတော့ Nokia ကုမ္ပဏီဖြစ်ပါတယ်လို့ သူက ဆိုခဲ့ပါတယ်။
ဖင်လန် ဆက်သွယ်ရေးကုမ္ပဏီအဖွဲ့ဝင် Jarmo Matilainen က "Matti Makkonen က မိုဘိုင်းလ်လုပ်ငန်းရဲ့ မဟာလူသားတစ်ဦးပါ။ ဝမ်းနည်းဖို့ကောင်းပါတယ်။ သူက မကြာခင် အနားယူတော့မှာပါ။ ဒီ့ထက်အရင် အနားယူခဲ့သင့်တာပါ" လို့ ပြောကြားပါတယ်။
Matti Makkonen ကတော့ ကမ္ဘာကြီးအတွက် ကျော်ကြားတဲ့ နည်းပညာတစ်ခုကို ထားခဲ့နိုင်ပါတယ်။
၁၉၉၄ ခုနှစ်က စာရိုက်လို့ လွယ်တဲ့ Nokia2010 ဟန်းဆက်အမျိုးအစားနဲ့အတူ Matti Makkonen ရဲ့ စာတိုပို့စနစ် (SMS) ဝန်ဆောင်မှုကို စတင်ခဲ့တယ်လို့ သိရှိရပါတယ်။
( Mario )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
0 comments:
Post a Comment