Instagram ဗားရှင်း အသစ်မှာပါဝင်မယ့် Photo Editor လုပ်ဆောင်ချက်အသစ်
သင်ဟာ သင့်ရဲ့ ဓါတ်ပုံတွေကို အွန်လိုင်းမှာ မျှဝေဖို့အတွက် Instagram ကို အခြား app တွေထက်ပိုပြီးနှစ်သက်စွာ ရွေးချယ်လိုက်မိမှာပါ။ ဒါပေမယ့်လည်း Instagram မှာ သင် အရင်ဆုံး အာရုံနောက်သွားရမှာကတော့ ဓါတ်ပုံအရင်ဆုံး ရိုက်(သို့) ရွေးချယ် ၊ ပြီးတော့မှ Filters တွေကို ထပ်မံ ရွေးချယ်ပြီးတော့မှာ သင်ကြိုက်တဲ့စာတွေကို ရေးသားပြီး Upload ပြုလုပ်ရပါတယ်။
အခုတော့ Instagram ဟာ တဖြည်းဖြည်း နဲ့ ပိုမိုလွယ်ကူပြီး ရိုးရှင်းတဲ့ ပုံစံတွေ ဆီကို ပြောင်းလဲလာပါပြီ။ Droid-Life ဆိုတဲ့ နည်းပညာ သတင်းဌာန တစ်ခုက ဖော်ပြခဲ့တာကတော့ Android စနစ်သုံး ကိရိယာ တွေအတွက် ထုတ်လုပ်မယ့် Instagram App ဗားရှင်းအသစ်မှာ ပိုမိုလွယ်ကူပြီး ရိုးရှင်းတဲ့ Photo Editor တစ်ခုကိုထည့်သွင်းထားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ထို လုပ်ဆောင်ချက်အသစ်အရ သင်ဟာ စာမျက်နှာ တစ်ခုတည်းမှာတင်ပဲ Edit ဆိုတဲ့ လုပ်ဆောင်ချက်လေး တစ်ခုက တစ်ဆင့် Comment ရေးသား/တည်းဖြတ်ခြင်း ၊ သူငယ်ချင်းများအား Tag ပြုလုပ်ခြင်း နဲ့ Filter များ သတ်မှတ်ခြင်းတို့ကို တစ်ဆက်တည်း ပြုလုပ်/ပြင်ဆင် နိုင်မှာ ဖြစ်ပါတယ်။
ဒီသတင်းရရချင်းမှာ Instagram ကိုဖွင့်ပြီး စမ်းသပ်ကြည့်ဖို့ မကြိုးစားပါနဲ့ဦး။ သင်ဟာ Instagram 7.3 ဆိုတဲ့ ဗားရှင်းကို အရင်တပ်ဆင်ဖို့လိုပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒီဗားရှင်းဟာ လူတိုင်းလက်ထဲကို မရောက်နိုင်သေးပါဘူး။ လက်ရှိမှာတော့ နည်းပညာ ကျွမ်းကျင်သူတွေ လက်ထဲကို အရောက်ထည့်ပေးထားတဲ့ Instagram 7.3 ဗားရှင်းကိုတော့ မကြာခင် အားလုံးရဲ့ လက်ထဲကို ရောက်လာတော့မှာဖြစ်တယ်လို့ သိရပါတယ်။
( Mario )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Engadget
0 comments:
Post a Comment