Powered by Blogger.

ခေတ်မီလှပတဲ့ OnHub Wi-Fi router ကို Google စတင် မိတ်ဆက်




Google ဟာ အပူချိန်ထိန်းညှိကိရိယာ၊ စပီကာတွေကစလို့  မီးအချက်ပေးကိရိယာ နဲ့ ရုပ်မြင်သံကြားစက်တွေကို ခေတ်နဲ့ အညီပြန်လည်ဆန်းသစ်ထုတ်လုပ်ခဲ့ပါတယ်။ အခုအခါမှာတော့ Google ဟာ အိမ်အများစုရှိမှာရှိကြတဲ့ Wi-Fi router ဈေးကွက် ထဲကို ထပ်မံထိုးဖောက်ခဲ့ပြန်ပါပြီ။

TP-Link နက်ဝေါ့ခ်ပိုင်းပစ္စည်းကိရိယာကုမ္ပဏီ နဲ့ ပူးတွဲထုတ်လုပ်ခဲ့တဲ့ OnHub router ကို Google ဟာ အင်္ဂါနေ့ က စတင်မိတ်ဆက်ခဲ့ပါတယ်။ သမားရိုးကျ Router တွေနဲ့ မတူဘဲ ခေတ်မီလှပတဲ့ဒီဇိုင်းနဲ့ OnHub router ကို ဒေါ်လာ ၂၀၀ နဲ့ ရောင်းချမှာ ဖြစ်ပြီး သင့်ရဲ့အိမ်က အင်တာနက်သုံးပစ္စည်းတိုင်းကို ချိတ်ဆက်ထိန်းချုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဈေးကွက်က Wi-Fi router အများစုဟာ ဒီဇိုင်းမလှပသလို၊ ကြိုးတွေ ထိုးထိုးထောင်ထောင်နဲ့ ကြည့်မကောင်းတာကြောင့် လူအများစုဟာ router ကို အလွယ်တကူမမြင်ရတဲ့နေရာမှာထားလေ့ရှိပါတယ်။ ဒါကြောင့်ပဲ router ဟာ အားနည်းတဲ့ Wi-Fi signal ကိုသာ လွှင့်ပေးနိုင်တယ်လို့ Google က ပြောကြားခဲ့ပါတယ်။

ကုမ္ပဏီဟာ လူတွေ ပေါ်ပေါ်ထင်ထင်ထားလို့ ရမယ့် ခေတ်မီ လှပတဲ့ router တစ်လုံးကို ထုတ်လုပ်ပြီး ဒီပြဿနာကို ဖြေရှင်းပေးဖို့ မျှော်လင့်ထား ကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။

OnHub router ဟာ အနက်ရောင်ဆလင်ဒါပုံစံထဲမှာပဲ ဧရိယာတိုင်ကို ထည့်သွင်း ဆောက်လုပ်ထားပြီး ရိုးရှင်းလှပတဲ့ မီးရောင်လည်းပါရှိပါတယ်။ ဒါ့အပြင် router ကို ထိလိုက်ရုံနဲ့ Wi-Fi password ကိုပါ ပြသပေးနိုင်ပါတယ်။

၂၀၁၄ ခုနှစ်တုန်းက ဒေါ်လာ ၃ ဘီလီယံနဲ့ Google က ၀ယ်ယူခဲ့တဲ့ Nest ကုမ္ပဏီက OnHub router ကိုထုတ်လုပ်တာဖြစ်ပြီး Google ရဲ့ smart home ပစ္စည်းကိရိယာအများစုကို Nest ကပဲ ထုတ်လုပ်ပေးတာဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: cnet

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment