Powered by Blogger.

မကြာခင် ထွက်ပေါ်လာတော့မယ့်ကမ္ဘာ့တန်ဖိုးအနည်းဆုံး စမတ်ဖုန်း Android One




မိုဘိုင်းလ် ဖုန်း ဟန်းဆက် တွေ အဆင့်မြင့်လာတဲ့အချိန် ၊ အားကောင်းလာတဲ့အချိန်မှာ စမတ် ဖုန်းသုံးစွဲသူတွေဟာ မိမိကိုင်ထားတဲ့ မိုဘိုင်းလ်ဖုန်း ရဲ့ အမှတ်တံဆိပ် နဲ့ ဈေးနှုန်းအပေါ်ဂုဏ်ယူလေ့ရှိပါတယ်။ ဒါဟာ စမတ်ဖုန်းလောက ရဲ့ အောင်မြင်မှု တစ်ခုပါ။ ဒါပေမယ့်လည်း ကမ္ဘာပေါ်မှာ Apple နဲ့ Samsung တို့လို တန်ဖိုးကြီး စမတ်ဖုန်းတွေမဆိုထားနဲ့ အလယ်အလတ် သာ ဈေးနှုန်းရှိတဲ့ Motorola ရဲ့ Moto G ကိုတောင် မကိုင်နိုင်သူတွေ အများကြီးပါ။

Google က ထိုပြသနာတွေဖြေရှင်းနိုင်ဖို့ Android One ဆိုတဲ့ အလွန်တန်ဖိုးနည်းတဲ့ စမတ်ဖုန်းတစ်မျိုးကို ထုတ်လုပ်ဖို့ ပြင်ဆင် ထားပြီး ထို စမတ်ဖုန်းကတော့ လူတိုင်းတတ်နိုင်တဲ့ နှုန်းထားမျိုးနဲ့ပဲ ဖြစ်တယ်လို့ သိရပါတယ်။ အံ့အားသင့်ဖွယ်ရာ စမတ်ဖုန်းဈေးနှုန်းကတော့ တစ်လုံးကို ဒေါ်လာ ၅၀ ပဲ ဖြစ်ပါတယ်။ အကယ်၍ Google သာ ထို စမတ်ဖုန်းကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ရင်တော့ အိန္ဒိယ ၊ တူရကီ နဲ့ ဖိလစ်ပိုင် တို့မှာရှိတဲ့ အခြေခံ လူတန်းစားတွေအတွက်တော့ ဆက်သွယ်ရေးလွယ်ကူသွားမှာပါ။

ထို ဖုန်းကိုတော့ Wayne Lam လို့ခေါ်တဲ့ ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ ကျွမ်းကျင်သူတစ်ယောက် ဒီဇိုင်း ဖန်တီးပေးထားတာဖြစ်ပြီး ပါဝင်ပစ္စည်းတွေရဲ့ စုစုပေါင်း တန်ဖိုးဟာ ၄၂ ဒေါ်လာ ခန့်ပဲ ကျသင့်ခဲ့တယ်လို့ သိရပါတယ်။ ထို စမတ်ဖုန်းရဲ့ မျက်နှာပြင်အကျယ်ဟာ ၄ လက်မ ကနေ ၄ လက်မခွဲခန့် ရှိနေပြီး FWVGA ( 854 x 480 ) ကြည်လင်ပြတ်သားမှု ကို ပေးနိုင်ပါတယ်။ထို မျက်နှာပြင်တစ်ခုအတွက် Google က အရင်းအနှီးအားဖြင့် ဒေါ်လာ ၈ ကျပ်သာ သုံးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် Processor အတွက် ၁၀ ဒေါ်လာ ၊ RAM နဲ့ သိုလှောင်ပမာဏ အတွက် ၁၀ ဒေါ်လာ စီသာ သုံးစွဲပေးထားတာကိုလည်း တွေ့ရပါတယ်။ ဘက်ထရီကတော့ 1600mAh ရှိတဲ့ ပမာဏ နဲ့ ကင်မရာကတော့ အနောက်ကင်မရာ 5 Megapixels နဲ့ အရှေ့ကင်မရာ 2 Megapixels တို့ကို အသုံးပြုထားပါသေးတယ်။ ထို ဘက်ထရီ နဲ့ ကင်မရာ အတွက် ကုန်ကျငွေ စုစုပေါင်း ၅ ဒေါ်လာ သာ သုံးထားတယ်လို့လည်း သိရပါတယ်။ ကျန်အစိတ်အပိုင်းအားလုံးအတွက် ဖုန်းတစ်လုံးကို ၉ ဒေါ်လာ သုံးထားတယ်လို့လည်း သိရပါတယ်။

Google ကုမ္မဏီဟာ ထို Android One စမတ်ဖုန်းကို ထုတ်လုပ်နိုင်ဖို့အတွက် ကနဦး မတည်ငွေ ဒေါ်လာ ၁ ဘီလီယံ နဲ့ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

1 comments:

  1. Cherry mobile ရဲ့ android one နဲ့ အတူတူပဲလား။ အခု android က 5 တောင်ဖြစ်နေပြီ။

    ReplyDelete