Powered by Blogger.

Angry Birds 2 ကို ဒေါင်းလုဒ်ဆွဲသူ သန်း ၃၀ ကျော်ရှိနေပြီဖြစ်




မိုဘိုင်းလ် ဂိမ်းတွေထဲမှာ အစဉ်အလာကြီးမားခဲ့တဲ့ Angry Birds ရဲ့ app အသစ် Angry Birds 2 ဟာ အခြား Rovio ဂိမ်းတွေလိုပဲ ဈေးကွက်ထဲမှာ ရေပန်းစားနေခဲ့ပါပြီ။

 နောက်ဆုံးရတဲ့ သတင်းတွေအရတော့ Angry Birds 2 ဟာ အခြား ရေပန်းစားတဲ့ ဂိမ်း app တွေကို ယှဉ်နိုင်ပါ့မလားလို့ သံသယ ရှိခဲ့ကြပေမယ့် အခုအချိန်မှာ Angry Birds ဟာ အခြားအောင်မြင်မှု တစ်ခုကို ရရှိသွားပါပြီ။

Rovio ကုမ္မဏီက ကြေညာခဲ့တာကတော့ လက်ရှိ Angry Birds 2 ကို ထုတ်လုပ်ပြီး ၂ ပတ်ကျော်ကာလမှာတင် ကမ္ဘာတစ်ဝှမ်းက ဒေါင်းလုဒ်ဆွဲသူ လူဦးရေ သန်း ၃၀ ခန့်ရှိနေပြီဖြစ်တယ်ဆိုတာပါပဲ။

"Angry Birds 2 ခရီးစဉ်အတွက်တော့ ကောင်းမွန်တဲ့ စတင်ခြင်းပါပဲ။ ဒါပေမယ့်လည်း ဒီအနေအထားကို ပိုမို ကောင်းမွန်အောင်ထိန်းသိမ်းထားရမှာပါ။ Piggy Island က စွန့်စားခန်းတွေက စတင်နေပါပြီ။တစ်ကွေ့မှာလည်း မထင်မှတ်ထားတဲ့ စိတ်ဝင်စားစရာတွေကို တွေ့ကြုံရဦးမှာပါ" လို့ Rovio ကုမ္မဏီက သတင်းထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းရေးသားထားပါတယ်။

ထို ထုတ်ပြန်ချက်ထဲမှာလည်း အခြား ပိုများတဲ့ လယ်ဗယ်လ် တွေကို ဖန်တီးနေတယ်လို့ ဆိုထားတဲ့အတွက် လက်ရှိ Angry Birds 2 ကို အဆင့်မြှင့်တင်နိုင်မယ့် ဗားရှင်း အသစ် တစ်ခု ပေါ်လာဦးမယ်လို့ သုံးသပ်ထားကြပါတယ်။ ထို Angry Birds 2 ဂိမ်း app ကို ဒေါင်းလုဒ်ရယူချင်တယ်ဆိုရင်တော့ Google Play Store မှာ အခမဲ့ ဒေါင်းလုဒ်ရယူနိုင်မှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Geek News Central
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment