Powered by Blogger.

Sony ရဲ့ VAIO စီးရီး laptop တစ်မျိုး အောက်တိုဘာလ မှာ ပြန်လာမည်




Sony ကုမ္မဏီက PC စီးပွားရေးမှာ တစ်ခေါက်ပြန်ခြေချမယ်လို့ ကြေညာပြီးတဲ့နောက် ရောင်းအား အကောင်းဆုံး စာရင်းမ၀င်ခဲ့ရှာတဲ့ VAIO စီးရီးကိုပဲ အားလုံးကပြေးမြင်လိုက်ကြပါတယ်။

Sony ကုမ္မဏိ ဟာ ဂျပန် နိုင်ငံ အသစ်တစ်ဖန်ပြန်စမှာဖြစ်ပြီး ဂျပန်မှာ ဒီဇိုင်းရေးဆွဲထုတ်လုပ်မှာ ဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ Sony ကုမ္မဏီ ရဲ့ VAIO စီးရီး ပြန်လည်စတင်ဖို့အတွက် Z Canvas ဆိုတဲ့ laptop တစ်လုံးကို ထုတ်လုပ်တော့မှာဖြစ်ပါတယ်။

VAIO ရဲ့ Z Canvas ဟာတော့ အွန်လိုင်း နဲ့ အမေရိက မှာရှိတဲ့ Microsoft စတိုးတွေက တစ်ဆင့် အောက်တိုဘာလ မှာ စတင်ဝယ်ယူရရှိနိုင်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ၂၂၀၀ ကနေ စတင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ပါဝင်ပစ္စည်းတွေရဲ့ အရည်အသွေး အရလည်း ဈေးနှုန်းက ပြောင်းလဲနိုင်တယ်လို့ သိရပါတယ်။

Wall Street Journal နဲ့ အင်တာဗျူးမှာတော့ CEO အသစ်တစ်ယောက်ဖြစ်တဲ့ Yoshimi Ota ဆိုသူက ဆယ်လူလာ လို လုပ်နိုင်စွမ်းတွေရှိပြီး အခြား laptop တွေနဲ့ တူညီတဲ့ ထုတ်ကုန် တစ်ခုကို ထုတ်လုပ်မှာ ဖြစ်တယ်လို့ တော့ဆိုထားပါတယ်။

ဒါ့အပြင် Sony ကုမ္မဏီက ကိုယ်ပိုင်စက်ရုပ် ဖန်တီးထုတ်လုပ်မှုတွေကိုလည်း စတင်လုပ်ကိုင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment