Powered by Blogger.

EISA က ပေးအပ်တဲ့ အကောင်းဆုံးသုံးစွဲသူစိတ်ကြိုက်စမတ်ဖုန်းဆုကို Huawei P8 ရရှိ




နှစ်စဉ်ကျင်းပတဲ့ EISA (European Imaging and Sound Association) ဆုပေးပွဲဟာ ဒီနှစ်မှာ မိုဘိုင်းဖုန်းတွေအတွက် အဓိကခေါင်းစဉ် နဲ့ ခေါင်းစဉ်ခွဲအများအပြားအလိုက် ဆုချီးမြှင့်ခဲ့ပါတယ်။ ယခုနှစ်အတွက် သုံးစွဲသူစိတ်ကြိုက်အကောင်းဆုံးစမတ်ဖုန်းဆု (best consumer smartphone) ကိုတော့ Huawei P8 မှာ ရရှိသွားပါတယ်။

EISA ကထုတ်ပြန်တဲ့စာရင်းဇယားအရ Huawei P8 ဟာ ဒီအခမ်းအနားမှာပါဝင်တဲ့ စာနယ်ဇင်းတွေက အယ်ဒီတာတွေရဲ့ မဲပေးမှုကြောင့် သုံးစွဲသူစိတ်ကြိုက်အကောင်းဆုံး စမတ်ဖုန်းဆုကို ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 Huawei P8 ဟာ ၅.၂ လက်မ IPS LCD ဖန်သားပြင်၊ 1080 x 1920 pixel ရုပ်ထွက်ကို ပေးစွမ်းနိုင်ပါတယ်။  ရှန်ပိန်ဝိုင်အရောင်၊ အနက်ရောင်ကာဗွန်အရောင်၊ ရွှေရောင်နဲ့ တိုက်တေနီယမ်ခဲရောင် ဆိုပြီး အရောင်လေးမျိုးရနိုင်ပါတယ်။ Android 5.0 Lollipop ကို အသုံးပြုထားပြီး built-in storage 16 GB နဲ့ 64 GB နှစ်မျိုးရွေးချယ်နိုင်ကာ 128 GB အထိ ထပ်စိုက်နိုင်တဲ့ microSD အပေါက်ပါဝင်ပါတယ်။

ကျောဘက်ကင်မရာက 13 megapixel ရှိပြီး ရှေ့ ဘက်ကင်မရာကတော့ selfie သမား တွေအကြိုက် 8-megapixels ပါရှိပါတယ်။ မဖြုတ်တပ်နိုင်တဲ့ Li-Po 2680 mAh ဘက်ထရီကို အသုံးပြုထားတာဖြစ်ပါတယ်။
Samsung ရဲ့ Galaxy S6 Edge က ခေတ်ရှေ့ ပြေးဆုံးစမတ်ဖုန်းဆု ( the advanced smartphone award) ကို ရရှိခဲ့ပြီး Sony Xperia Z3+ ကတော့ အကောင်းဆုံးရုပ်သံစွယ်စုံဖုန်း (best multimedia smartphone) ဆုကို ရရှိခဲ့ပါတယ်။ LG G4 ကတော့ အကောင်းဆုံးစမတ်ဖုန်း ကင်မရာကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ LG ရဲ့ Watch Urbane စမတ်နာရီက အကောင်းဆုံးဝတ်ဆင်နိုင်တဲ့ကိရိယာ (best wearable device) ဆု ကို ရရှိခဲ့ကာ Lenovo Yoga Tablet 2 Pro က ဥရောပရဲ့အကောင်းဆုံးတက်ဘလက်ဆုကို ရရှိခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: ibtimes.com




Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment