Powered by Blogger.

Canon ရဲ့ နောက်ဆုံးထုတ် အရည်အသွေးမြင့် ကင်မရာ EOS M3




ကမ္ဘာကျော် ကင်မရာ ကုမ္မဏီ ဖြစ်တဲ့ Canon က နောက်ဆုံးပေါ် မှန်မပါတဲ့ ကင်မရာ EOS M3 ကို ထုတ်လုပ်လိုက်ပါတယ်။ ဂျပန်နိုင်ငံမှာ အခြေစိုက် ထုတ်လုပ်တဲ့ Canon ကင်မရာ ကုမ္မဏီ ဟာ ဒီ ကင်မရာ အသစ်နဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလမှာ ကြေညာခဲ့ပြီး အခုမှာ သုံးစွဲသူတွေလက်ထဲ အရောက်ပို့နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်ကထုတ်လုပ်ခဲ့တဲ့ M2 လိုပဲ အခုထုတ်လုပ်လိုက်တဲ့ M3 ဟာလည်း APS-C CMOS sensor နဲ့အတူ 24.2 Megapixel ပါဝင်ပါတယ်။ စပ်ပေါင် AF III Focus စနစ် နဲ့ Digic 6 image processor တို့လိုလည်း အသုံးပြုထားပါတယ်။ ဒီပါဝင်ပစ္စည်းတွေဟာ T6s နဲ့ T6i DSLR တွေမှာ တွေ့မြင်နေကြအတိုင်းပဲ ဖြစ်ပါတယ်။

ဘက်ထရီ ပုံစံဟာလည်း LP-E17 ဆိုတဲ့ ပုံစံ ဟောင်းတစ်ခုပဲ ဖြစ်ပြီး focus peaking နဲ့ dynamic stabalization တို့ကတော့ Canon ကင်မရာ တော်တော်များများ မှာ သင်တွေ့ဖူးမှာပါ။ သင်ဟာ NFC ၊ WiFi နဲ့ 24 ၊ 25 ၊ 30 fps တို့မှာ 1080p ရိုက်ကူးရေး လုပ်နိုင်မှာ ဖြစ်ပြီး ISO range ရဲ့ အများဆုံး ပမာဏ အဖြစ် 6400 နဲ့ 12800 မှာ ဗီဒီယို တွေနဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အခြားထူးခြားချက်တွေကတော့ တိကျပြီး မြန်ဆန်တဲ့ Auto Focus နဲ့ ကိုင်တွယ်ဖို့ သက်တောင့်သက်သာ ဖြစ်စေတာပဲ ဖြစ်ပါတယ်။ ပြီးတော့ ရွှေ့ပြောင်း နိုင်တဲ့ မျက်နှာပြင်ဟာ လည်း သင့်ကို ဓါတ်ပုံ ရှုထောင့် အသစ်တွေ ရိုက်ကူးရာမှာ ကူညီပေးနိုင်ပါလိမ့်မယ်။ ဒီ ကင်မရာ ရဲ့ ဈေးနှုန်းကတော့ ကိုယ်ထည်ကြီးပဲ ၀ယ်ယူမယ်ဆိုရင် ဒေါ်လာ ၆၈၀ ကျသင့်မှာ ဖြစ်ပြီး ၁၈-၅၅ မီလီမီတာ မှန်ဘီလူးနဲ့ တွဲရက် ၀ယ်ယူမယ်ဆိုရင်တော့ ဒေါ်လာ ၈၀၀ သာကျသင့်မှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment