Powered by Blogger.

နိုင်ငံတကာအာကာသအခြေစိုက်စခန်းမှာ ရုရှားတွေရဲ့ကျင်ငယ်ရေကိုပါ အမေရိကန်ယာဉ်မှူးတွေ သန့် စင် သောက်သုံးနေ




အသက်ရှင်ရဖို့ အတွက် သင် ကျင်ငယ်ရေကို သောက်သုံးမလား။ ဒီမေးခွန်းဟာ နိုင်ငံတကာအာကာသအခြေစိုက်စခန်းကို တာဝန်ထမ်းဆောင်ဖို့ မသွားခင်မှာ နာဆာအာကာသယာဉ်မှူးတွေ ဖြေရတဲ့ မေးခွန်းဖြစ်ပါတယ်။

နိုင်ငံတကာအာကာသအခြေစိုက်စခန်း (ISS) မှာ တာဝန်ထမ်းဆောင်ရတဲ့ အာကာသယာဉ်မှူးတွေဟာ တစ်ကြိမ်မှာ လနဲ့ ချီနေရပြီး သောက်ရေရရှိဖို့ အတွက် ငွေ့ ရည်ဖွဲ့ နည်းနဲ့ ကျင်ငယ်ရေကို အဓိကအားထားရပါတယ်။

ISS က အမေရိကန်နဲ့ ရုရှားအာကာသယာဉ်မှူးတွေဟာ အသက်ရှူခြင်း၊ ချွေးထွက်ခြင်းကနေထွက်ရှိတဲ့ အငွေ့ ကို လေထုထဲကတဆင့် ငွေ့ ရည်ဖွဲ့ နည်းနဲ့ သောက်ရေ ပြန်လည်ရယူ စုဆောင်းထားကြပါတယ်။ ဒီ့အပြင် အမေရိကန်တွေဟာ ကျင်ငယ်ရေကိုပါ အိုင်အိုဒင်းသုံးရေသန့် စင်စစ်ထုတ်နည်း အသုံးပြုကာ သောက်ရေအဖြစ် ပြန်လည်သောက်သုံးကြတယ်လို့ သိရပါတယ်။

ရုရှားတွေကတော့ ကျင်ငယ်ရေကို ပြန်လည်သန့် စင်သောက်သုံးဖို့ ဝန်လေးလျက်ရှိပြီး အမေရိကန်တွေဟာ ရုရှားတွေရဲ့ ကျင်ငယ်ရေကိုပါ စုဆောင်းသန့် စင်ကာ သောက်ရေအဖြစ် သောက်သုံးလျက် ရှိတယ်လို့ ဆိုပါတယ်။

ISS မှာ NASA အတွက် ရေသန့် စင်စနစ် ကြီးကြပ်သူ Layne Carter က Bloomberg သတင်းဌာနကို အခုလိုပြောကြားပါတယ်။

“ ဒီရေဟာ  ပြန်လည်သန့် စင်ထားတဲ့ ကျင်ငယ်ရေ နဲ လေထုထဲကနေငွေ့ ရည်ဖွဲ့ နည်းနဲ့ ရရှိထားတဲ့ သောက်ရေဆိုတာ စိတ်ထဲက ဖျောက်ပစ်ပြီး သောက်နိုင်ရင် ရေသန့် ဗူးသောက်ရတဲ့အရသာလိုပါပဲ” လို့ ဆိုပါတယ်။

အိုင်အိုဒင်းအသုံးပြုပြီး ရေသန့် စင်နည်းဟာ အကောင်းဆုံးစံနည်းလမ်းတစ်ခုမဟုတ်ပေမယ့် အနာဂတ်မှာ အလုပ်ဖြစ်နိုင်တဲ့စနစ်တစ်ခုဖြစ်ပြီး မားစ်ဂြိုလ်ကို သွားရမယ့် ရှည်ကြာတဲ့ခရီးလမ်းမှာ မရှိမဖြစ်စနစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment