Powered by Blogger.

Multiple Accounts ကို Support လုပ်ပေးနိုင်မယ့် Amazon ရဲ့ Echo စပီကာ




ကမ္ဘာ့ထိပ်တန်း E-Commerce ကုမ္မဏီ ဖြစ်တဲ့ Amazon က ထုတ်လုပ်လိုက်တဲ့ Echo ဆိုတဲ့ ကြိုးမဲ့ စပီကာဟာ ဂီတများ နားဆင် ဖို့နဲ့ အသံပါ စာအုပ်များ နားဆင် ခံစားဖို့ အတွက်အထူးသင့်တော်ပါတယ်။

ပိုပြီးကောင်းမွန်သွားတာ တစ်ခုကတော့ သင်ဟာ Amazon အကောင့်ပိုင်ရှင် တစ်ယောက်မကပဲ ထို စပီကာ ကို အသုံးပြုမယ်ဆိုရင်တော့ အရင်လို သိပ်အလုပ်ရှုပ်စရာမလိုတော့ပါဘူး။

Amazon ဟာ ထို ပြသနာ ကို ဖြေရှင်းဖို့အတွက် Multiple Accounts ကို အထောက်အပံ့ ပေးနိုင်မယ့် နည်းပညာ တစ်ခုကို ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ သင်ဟာ သင့်ရဲ့ သိမ်းဆည်း စုစည်းထားတဲ့ သီချင်းတွေကို စိတ်ကြိုက်နားဆင်နိုင်ပြီး ထို အချိန်မှာ တစ်စုံတစ်ယောက်က ထို Echo စပီကာ ကို မျှဝေသုံးစွဲလိုတဲ့အခါမှာတော့ Profile ကို အခြား တစ်ယောက် အဖြစ် ပြောင်းလဲလိုက်ပြီး သူ့ရဲ့ Amazon အကောင့်ကနေ တစ်ဆင့် ပြောင်းလဲ နားဆင်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် သင့်အနေနဲ့ အခန်းဖော်တွေနဲ့အတူ Amazon အကောင့်နဲ့ သီချင်းတွေနားထောင်ဖို့ အကောင့် တစ်ခုတည်းကို မျှဝေသုံးစွဲနေစရာမလိုတော့ပါဘူး။ သင့်ရဲ့ သီချင်းရွေးချယ်မှု ကို ကြားဝင်နှောင့်ယှက် မှုကို လည်း မကြုံရတော့ပါဘူး။

ဒီစပီကာ ကို အသုံးပြုဖို့အတွက် Fire OS ၊ Android OS နဲ့ iOS တို့အတွက်ပါ ရယူနိုင်မယ့် Alexa ဆိုတဲ့ App တစ်ခုနဲ့ ချိတ်ဆက်ပြီး Wi-Fi ကနေတစ်ဆင့် အင်တာနက် ပေါ်ကနေ တိုက်ရိုက်သီချင်းဖွင့် လို့ရနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၈၀ ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment