Powered by Blogger.

ဒစ်ဂျစ်တယ်ကင်မရာ နဲ့ တယ်လီစကုပ် ပေါင်းထားတဲ့ ကမ္ဘာ့အဆင့်အမြင့်ဆုံး နည်းပညာ ကို တည်ဆောက်နေ




သင့် ရဲ့ DSLR ကင်မရာ အသစ်ထဲမှာ 50-Megapixel ရှိတဲ့ Sensor တစ်ခု ပါဝင်နေတယ်ဆိုတာ တော်တော်လေးလန်းတဲ့ အရည်အသွေးပါ။

စွမ်းအင် ၀န်ကြီးဌာနက ကြီးမားလှတဲ့ Synoptic Survey Telescope တစ်ခုကို 3.2 Gigapixels ရှိတဲ့ ဒစ်ဂျစ်တယ် ကင်မရာ တစ်ခုနဲ့ ပေါင်းပြီးတည်ဆောက်ဖို့ ညွှန်ကြားထားပြီး ကမ္ဘာမှာ အဆင့်အမြင့်ဆုံး နည်းပညာ တစ်မျိုးလည်း ဖြစ်လာမှာပါ။

ဒါဟာ ကောင်းမွန်တဲ့ Resolution တစ်ခုပဲ ရလိုက်တာ မဟုတ်ပါဘူး။ Airborne Surveillance ကင်မရာတွေလိုလည်း အသုံးပြုနိုင်မှာ ဖြစ်သလို သိပ္ပံပညာရှင်တွေအတွက်လည်း ပိုမိုတိကျ သေချာတဲ့ အခိုင်အမာ ထွက်ဆိုမှု တွေကို ပိုမိုဖန်တီးနိုင်စေတော့မှာပါ။

ထို ကင်မရာ တယ်လီစကုပ် နဲ့ ကောင်းကင်ကို ဖြစ်စေ ၊ လကိုဖြစ်စေ၊ နေမင်းကြီးကို ဖြစ်စေ ကြည်လင်ပြတ်သားသော ရုပ်ပုံများအဖြစ် ပြောင်းလဲနိုင်မှာဖြစ်သလို ကမ္ဘာပေါ်မှာရှိတဲ့ အခြားတယ်လီစကုပ်တွေ အားလုံးထက် ပိုမို အလင်းရောင်ရရှိစေနိုင်မယ်လို့ လည်း သိရပါတယ်။ ဒါ့အပြင် လူသားတို့ အတိအကျ မသိနိုင်သေးတဲ့ စကြာဝဠာ ကြီးရဲ့ အစောပိုင်းတုန်းက ဂြိုလ်တွေ အကြောင်း နဲ့ အမှောင်စွမ်းအင် အကြောင်းတွေကို ထို ကင်မရာ နဲ့ လေ့လာနိုင်မယ်လို့ သိရပါတယ်။

ထို ကင်မရာ ကို စမ်းသပ်ရိုက်ကူးတာမျိုးတော့ ၂၀၁၉ ထိ မြင်တွေ့ရမှာ မဟုတ်ပါဘူး။ ထို ကင်မရာဟာ ၂၀၁၉ မှာ ထွက်ပေါ်လာမှာဖြစ်ပြီး ကြားက အချိန်တွေကိုတော့ ကြာအချိန်အဖြစ် သတ်မှတ်ပြီး တည်ဆောက်ရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment