Powered by Blogger.

အောက်တိုဘာလမှာ မိုဘိုင်းဖုန်းသုံး Photoshop app အသစ်ကို မိတ်ဆက်ဖို့ Adobe စီစဉ်နေ




Adobe ဟာ PC က ဓာတ်ပုံပြင်ဆော့ဖ်ဝဲဖြစ်တဲ့ Photoshop ရဲ့ အောင်မြင်မှုမျိုးကို မိုဘိုင်းပလက်ဖောင်းမှာ လည်း ရရှိဖို့ ရည်ရွယ်ထားလျက်ရှိပါတယ်။

Developer သမားတွေနဲ့ ပရော်ဖက်ရှင်နယ်သမားတွေအတွက် ယခု အောက်တိုဘာလမှာပြုလုပ်မယ့် Adobe ရဲ့ Max ညီလာခံ မှာ Adobe ဟာ iPhone နဲ့ iPad သုံး  Photoshop app အသစ်တစ်ခုကို မိတ်ဆက်ဖို့ ရှိတယ်လို့ သိရပါတယ်။ မကြာခင်မှာ ဒီ App ကို Android စနစ်သုံးဖုန်းတွေအတွက်လည်း ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

ယခုအချိန်မှာ ‘Project Rigel’ လို့ အမည်ပေးထားတဲ့ အဆိုပါ app အသစ်ဟာ အခမဲ့ဖြစ်ပြီး photoshop နဲ့ မရင်းနှီးတဲ့သူတွေကိုလည်း သူတို့ ရဲ့ဓာတ်ပုံတွေဘယ်လိုပြင်ဆင်ရမလဲဆိုတာကို ကူညီပြပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Adobe ရဲ့ အရင်ကထုတ်ဝေခဲ့တဲ့ မိုဘိုင်းဓာတ်ပုံပြင် application ‘Photoshop Touch’ ဟာ ပိုက်ဆံနဲ့ ဝယ်ရတာဖြစ်ပြီး ဖုန်းမှာသွင်းဖို့ အတွက် ဒေါ်လာ ၁၀ ပေးဆောင်ရပါတယ်။ ဒါ့အပြင် အဆိုပါ app ကို မိုဘိုင်းဖုန်းသုံးစွဲသူတွေကလည်း နှစ်ခြိုက်ခြင်းမရှိခဲ့ပါဘူး။ Photoshop Touch ကို Adobe ကုမ္ပဏီက မေလမှာ ရပ်ဆိုင်းခဲ့ပြီး ထိုအချိန်ကတည်းက Project Rigel အကြောင်း တစ်စွန်းတစ်စလှစ်ဟခဲ့ပါတယ်။

ယခု application မှာ အသုံးပြုသူတွေဟာ Adobe ရဲ့ Creative Cloud စနစ်ကို အသုံးပြုပြီး ကွန်ပြူတာကနေ photoshop လုပ်ငန်းတစ်ခုကို စတင်လုပ်ဆောင်နိုင်ကာ အဆိုပါပရောဂျက်ကိုပဲ မိုဘိုင်းဖုန်းမှာ ဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: phonearena
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment