Powered by Blogger.

Gaming Laptop အသစ်သုံးမျိုးကို Alienware စတင်ရောင်းချ




Dell ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ Alienware ကုမ္ပဏီဟာ နောက်ဆုံးပေါ် 5th generation ပဉ္စမမျိုးဆက် Intel CPU ၊ Windows 10 နဲ့ Nvidia 900 series ဂရပ်ဖစ် တွေပါဝင်တဲ့ gaming laptop သုံးမျိုးကို စတင်မိတ်ဆက် လိုက်ပါတယ်။

Alienware 13 ၊ 15 နဲ့ 17 ဟာ Intel နဲ့ Nvidia တို့ ရဲ့ နောက်ဆုံးပေါ်ဟာ့ဒ်ဝဲလ်တွေကို အသုံးပြုထားပြီး အရင်မျိုးဆက် Alienware ကို ပြင်ဆင်မှုပေါင်း ၂၀ ကျော် လုပ်ခဲ့ပါတယ်။ USB 3.1 ၊ PCI-Express SSDs နဲ့ Alienware ရဲ့ နာမည်ကျော် desktop-graphic card ကို laptop နဲ့ ချိတ်ဆက်ပေးနိုင်တဲ့ Graphics Amplifier ပါဝင်မှု စတဲ့ မွမ်းမံမှုတွေ လုပ်ခဲ့ပါတယ်။

Core-i7-5500 U ပရိုဆက်ဆာ၊ 3200×1800 resolution နဲ့ ၁၃ လက်မ touch screen၊ Nvidia GTX 960 M graphic ပါဝင်တဲ့ Alienware 13 ကို ဒေါ်လာ ၉၉၉.၉၉ နဲ့ စတင်ရောင်းချမှာဖြစ်ပြီး နောက်ထပ် ဒေါ်လာ ၁၂၀၀ ထပ်သုံးနိုင်ရင် Graphic Amplifier မှာ GTX Titan X ကို ထပ်ထည့်နိုင်ပါတယ်။

Alienware 15 ကိုတော့ ဒေါ်လာ ၁၁၉၉.၉၉ နဲ့ စတင်ရောင်းချမှာဖြစ်ပြီး အမြင့်စား spec မော်ဒယ်ဆိုရင်တော့ ဒေါ်လာ ၂၄၉၉.၉၉ ထိ ဈေးရှိမှာပါ။ Graphic Amplifier နဲ့ external graphic card ထပ်စိုက်နိုင်သေးပြီး ဒေါ်လာ ၄၀၀ တန် GTX 960 ကနေ ဒေါ်လာ ၁၂၀၀ တန် GTX Titan X အထိ ထပ်ဆင်နိုင်ပါတယ်။

Alienware 17 ကိုတော့ အနိမ့်ဆုံးဈေး ဒေါ်လာ ၁၄၉၉ နဲ့ ဝယ်ယူနိုင်ပြီး top-spec model အတွက် ဒေါ်လာ ၂၆၉၉.၉၉ ကျသင့်မှာဖြစ်ပါတယ်။

Alienware 15 နဲ့ 17 တို့ ကတော့ non-touch screen ဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Forbes


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment