Powered by Blogger.

မှုန်ဝါးတဲ့ဓာတ်ပုံတွေကြောင့် iPhone 6 Plus ရဲ့ ကင်မရာတွေကို Apple ပြန်လဲလှယ်ပေးမည်




Apple ဟာ ကျောဘက်ကင်မရာချို့ ယွင်းမှုကြောင့် မှုန်ဝါးတဲ့ဓာတ်ပုံတွေ ဖြစ်ပေါ်နေတဲ့ iPhone 6 Plus ကင်မရာ အနည်းအကျဉ်းကို ပြန်လည်လဲလှယ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါချို့ ယွင်းမှုရှိတဲ့ iPhone တွေဟာ စက်တင်ဘာ ၂၀၁၄ နဲ့ ဇန်န၀ါရီ ၂၀၁၅ လေးလ ကာလအတွင်း ရောင်းချခဲ့ရတဲ့ ဖုန်းအများစုဖြစ်တယ်လို့ Apple ရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်မှာ ဖော်ပြခဲ့ပါတယ်။

ဒီနှစ်မှာ ရှယ်ယာတန်ဖိုးအနိမ့်ဆုံးကျခဲ့တဲ့ Apple ကုမ္ပဏီက 6  Plus ရဲ့ iSight နောက်ကင်မရာရဲ့ အစိတ်အပိုင်း အသေးလေးတစ်ခုဟာ ချို့ ယွင်းမှုဖြစ်ပေါ်ခဲ့တာဖြစ်နိုင်ကြောင်း ကြေငြာခဲ့ပါတယ်။

အကယ်၍ သင့်ရဲ့ iPhone 6 Plus ကင်မရာဟာ မှုန်ဝါးတဲ့ဓာတ်ပုံတွေ ရိုက်ကူးပေးနေရင်၊ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ ထုတ်ကုန်ပစ္စည်းနံပါတ်စဉ်ထဲ ၀င်နေရင် ဖုန်းကင်မရာကို အခမဲ့လဲလှယ်ပေးသွားမှာ ဖြစ်တယ်လို့ Apple က ပြောကြားခဲ့ပါတယ်။

အဆိုပါ serial numbers စာရင်း ကို Apple ရဲ့ ၀က်ဘ်ဆိုဒ် (apple.co/1KaXcs9) မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Reuters
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment