Powered by Blogger.

စက်တင်ဘာ ၂ ရက်နေ့မှာ Sony က စမတ်ဖုန်း အသစ် ထုတ်လုပ်မည်




အကယ်၍ သင်ဟာ Sony ရဲ့ Xperia စမတ်ဖုန်းတွေ ဖော်မြူလာ ပြောင်းလဲ ထုတ်လုပ်ဖို့ ကို စောင့်မျှော်နေသူတစ်ယောက်ဆိုရင်တော့ ဒါဟာ သတင်းဆိုးပဲ ဖြစ်ပါလိမ့်မယ်။

Sony ကုမ္မဏီဟာ အရင်တုန်းက သူတို့ သုံးလေ့မရှိတဲ့ "Omnibalance" ဆိုတဲ့ ဒီဇိုင်းကို ပြန်လည် အသုံးပြုဖို့ ကြိုးစားနေပါပြီ။ ဗြိတိန် နိုင်ငံမှာ ရှိတဲ့ Sony UK ကနေ ထွက်ပေါ်လာတဲ့ Tweet တစ်ခုအရ IFA ကုန်စည်ပြပွဲ မတိုင်မီ စက်တင်ဘာ ၂ ရက်နေ့မှာ စမတ်ဖုန်း အသစ်တစ်လုံးကို ထုတ်လုပ်ဖို့ Sony က စီစဉ်နေပါတယ်။

ထို Tweet မှာတော့ ဟန်းဆက် အသစ်တွေ ထပ်ထားတဲ့ ပုံကို ပြသထားပြီး ပိုမိုကောင်းမွန်တဲ့ Focus နဲ့ စမတ်ဖုန်း တစ်လုံး ဆိုပြီးလည်း ခေါင်းစဉ်ရေးသားထားပါသေးတယ်။ ထို စာသားတွေရဲ့ အဓိပ္ပာယ်ကတော့ ပိုမိုကောင်းမွန်တဲ့ ကင်မရာ ကိုဆိုလိုချင်တာပဲ ဖြစ်မှာပါ။ ဒါ့အပြင် လက်ရှိမှာ Sony က စမ်းသပ်နေတဲ့ Stripped Back Android Skin ဆိုတဲ့ နည်းပညာ တစ်ခုအတွက် သဲလွန်စ ပေးထားတာလည်း ဖြစ်နိုင်ပါတယ်။

ထို ထုတ်ကုန်အသစ်ဟာ လက်ရှိထုတ်လုပ်ပြီးသား Xperia ဖုန်းတွေရဲ့ နောက်ဆက်တွဲသာ ဖြစ်လာမယ်ဆိုရင်တော့ Xperia Z5 (သို့) Z5 Compact တစ်ခုခု ဖြစ်လာနိုင်ပါတယ်။ မဟုတ်ရင်လည်း ၂ ခုလုံးကို စက်တင်ဘာ ၂ ရက်နေ့မှာ ထုတ်လုပ်သွားဖွယ်ရှိနေပါတယ်။

ပါဝင်မယ့် ပစ္စည်းတွေရဲ့ အရည်အသွေးနဲ့ လုပ်ဆောင်ချက်တွေကို အတိအကျမဖော်ပြသေးသလို Sony ဟာ Xperia Z4/Z3+ ကိုထုတ်လုပ်ထားတာလည်း လပိုင်းပဲ ရှိနေသေးတဲ့အတွက် အခုထပ်မံ ထုတ်လုပ်မယ့် စမတ်ဖုန်းကတော့ လုံလောက်တဲ့ အဆင့်မြှင့်တင်မှု တစ်ခု မရှိဘူးဆိုရင်တော့ ၀ယ်ယူသူတွေအတွက် ရှုံ့ချစရာ တစ်ခုပဲ ဖြစ်လာမှာပါ။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment