Powered by Blogger.

သင့်စိတ်ကြိုက် ဂျယ်လီသကြားလုံးပုံစံကို ဖန်တီးနိုင်မယ့် ပထမဆုံး 3D food printer


ဂျာမန်ချိုချဉ်သကြားလုံးထုတ်လုပ်သူကုမ္ပဏီ Katjes ဟာ ခေတ်စားနေတဲ့ 3D printing နည်းပညာလောက ထဲကို သူတို့ ရဲ့ ဂျယ်လီသကြားလုံးတွေနဲ့ ဝင်ရောက်ခဲ့ပါတယ်။ Magic Candy Factory လို့ အမည်ပေးထားတဲ့ 3D printer ဟာ အများပြည်သူစားသုံးနိုင်မယ့်အစားအစာတွေထုတ်ပေးနိုင်တဲ့ ကမ္ဘာ့ပထမဆုံး 3D Printer ဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

iPad ကို အခြေခံထားတဲ့ user interface ကနေ သုံးစွဲသူတွေဟာ သူတို့ စိတ်ကြိုက်ဂျယ်လီသကြားလုံးကို ပုံဖော်နိုင်ပြီး ရေးဆွဲထားတဲ့ ဒီဇိုင်းကို စက်ကပုံဖော်ထုတ်လုပ်ပေးတာကို ထိုင်ကြည့်နေရုံပဲ လိုပါတယ်။

အပူပေးပုံသွန်းလောင်းမှုစနစ်က သကြားလုံးကို အပူပေးပျော်စေပြီး 3D Printer မှာ ပါတဲ့ပြွှန်ကနေ အောက်ခံပလိတ်ပြားဆီ သွန်းလောင်းပုံဖော်ထုတ်ပေးမှာဖြစ်ပါတယ်။ အောက်ခံပြားပေါ်ရောက်တဲ့အခါ သကြားလုံးဟာ အေးခဲမာကျောသွားပြီး သကြားလုံးအပေါ်မှာ တခြားအလွှာတွေကို တစ်လွှာချင်း ထပ်ခင်း ပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းတွေကိုတော့ လှို့ဝှက်ထားပြီး ထုတ်လုပ်သူတွေရဲ့ အဆိုအရတော့ အဆိုပါဂျယ်လီသကြားလုံး တွေဟာ နို့ သကြား၊ ဂျုံမှုန့် ကထုတ်ယူထားတဲ့ အစေးတစ်မျိုး ပါဝင်ကာ ဓာတ်မတည့်မှုဖြစ်ပေါ်စေတဲ့ ဓာတုပစ္စည်းတွေမပါဝင်ဘဲ လုံးဝသက်သက်လွတ်ဖြစ်တယ်လို့ ဆိုပါတယ်။

အခုအချိန်မှာတော့ ဂျယ်လီသကြားလုံးတွေကို အရသာ ၁၀ မျိုး နဲ့ အရောင် ၇ မျိုး ရွေးချယ် ထုတ်လုပ်နိုင်ပြီး မကြာမီကာလအတွင်းမှာ နောက်ထပ် အရသာအမျိုးအမည်တွေကို ထုတ်ပေး သွားမှာဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

၁၀ ဂရမ်ရှိတဲ့ ဂျယ်လီသကြားလုံးတစ်ခု အဆင်သင့်စားသုံးနိုင်သည်အထိ ထုတ်ပေးဖို့ ငါးမိနစ် ခန့် သာ ကြာမြင့်ပြီး တစ်ခုကို ငါးယူရိုသာ ကုန်ကျမှာဖြစ်ပါတယ်။

စမ်းသပ်အဆင့်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ မှာ အဆိုပါ Magic Candy Factory printer တွေကို ရှစ်ပတ်ကြာ ၀ယ်ယူရရှိနိုင်ပြီး မကြာခင်မှာ ကလေးရှိတဲ့ အိမ်ထောင်စုတိုင်း အသုံးပြုနိုင်ဖို့ မျှော်မှန်းထားကြောင်း ထုတ်လုပ်သူတွေက ပြောကြားခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Telegraph
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment