Powered by Blogger.

ပရိုးမိုးရှင်းအစီအစဉ်တွေ ပြောင်းပေမယ့်လည်း အင်တာနက် မှာ အူရီဒူး ဟာ အကောင်းဆုံးဖြစ်နေဆဲ




မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာ ကြီး ၃ ခု ဟာ အပြိုင်အဆိုင် ပရိုမိုးရှင်း အစီအစဉ်တွေ ချပြပြီး ဖုန်းခေါ်ဆိုခ နှုန်းထားတွေ ကို လျှော့ချခဲ့ကြပါတယ်။

ဒါကြောင့်မို့ ဒီတစ်ကြိမ်မှာတော့ အပြိုင်အဆိုင်ဖုန်းခေါ်ဆိုခတွေ လျှော့ချနေတဲ့ ပရိုးမိုးရှင်း အစီအစဉ် ၃ ခု ရဲ့ အင်တာနက် သုံးစွဲခနှုန်းထားနဲ့ မြန်နှုန်းတွေကို နှိုင်းယှဉ်ပြချင်ပါတယ်။

နောက်ဆုံးမှ ချပြတဲ့ ပရိုးမိုးရှင်းဖြစ်ပြီး လူတိုင်းပါးစပ်ဖျားမှာ အပြောများနေတဲ့ MPT ရဲ့ နာရီတိုင်းမှာ ၅ မိနစ်စာ အစီအစဉ်ရဲ့ အင်တာနက် ကိုလေ့လာကြည့်မယ်ဆိုရင်တော့ MPT က နာရီတိုင်းမှာ ၅မိနစ်စာ အစီအစဉ်ကို ရယူဖို့အတွက် ဆွေသဟာ အစီအစဉ် ကို အသုံးပြုထားရမယ်လို့ တရားဝင်ကြေညာထားပြီးသားပါ။ ဒါကြောင့် နာရီတိုင်းမှာ ၅ မိနစ်စာ ပရိုးမိုးရှင်းရဲ့ အင်တာနက် ဟာ ဆွေသဟာ နှုန်းထားဖြစ်တဲ့ 1MB ကို ၇.၅ ကျပ်ကျသင့်နေဆဲပါ။

တယ်လီနော ကတော့ စူပါပွား အစီအစဉ်ကို ရယူမယ်ဆိုရင် Smart အင်တာနက် အစီအစဉ်ကို အလိုလျောက်ရရှိသွားမှာဖြစ်ပြီး Smart အင်တာနက်ရဲ့ နှုန်းထားတွေကတော့ 1MB ကို ၆ ကျပ် ကျသင့်မှာပါ။ အဲဒီလိုပဲ အူရီဒူးရဲ့ Phalan Phalan Voice အစီအစဉ်ကလည်း နဂိုရှိပြီးသား ဖလန်းဖလန်း အင်တာနက် အစီအစဉ် နဲ့ ချိတ်ဆက်ထားတဲ့အတွက် 1MB ကို ၆ ကျပ်ကျသင့်နေပြန်ပါတယ်။

ပျမ်းမျှ တွက်ချက်မယ်ဆိုရင် ဈေးနှုန်းအားဖြင့်တော့ တယ်လီနော နဲ့ အူရီဒူး တို့ရဲ့ ပရိုးမိုးရှင်း အစီအစဉ်က MPT ရဲ့ ပရိုးမိုးရှင်း အစီအစဉ်ထက် အင်တာနက် သုံးစွဲခ ဆိုတဲ့အပိုင်းမှာ သာနေတာကိုတွေ့ရပါတယ်။

မြန်နှုန်းတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ တယ်လီနော ရဲ့ စူပါပွား အစီအစဉ် ဟာ Smart အင်တာနက် နဲ့ ချိတ်ဆက်ထားတာကြောင့် 2Mbps မြန်နှုန်း ရှိတယ်လို့ တရားဝင်ကြေညာထားပါတယ်။ MPT ရဲ့ နာရီတိုင်းမှာ ၅ မိနစ် စာ နဲ့ ချိတ်ဆက်ထားတဲ့ ဆွေသဟာ အစီအစဉ်ကတော့ 4Mbps အထိ မြန်နှုန်းရှိနေပါတယ်။

အူရီဒူး ရဲ့ Phalan Phalan Voice အစီအစဉ် အသုံးပြုရင် ရရှိမယ့် ဖလန်းဖလန်း အင်တာနက်ကတော့ 7.2Mbps အထိ မြန်နှုန်းရှိနေပြန်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးစွဲခ ခြင်းနှိုင်းယှဉ်မယ်ဆိုရင် ပရိုမိုးရှင်း အစီအစဉ် ၃ ခု မှာ တယ်လီနောရဲ့ စူပါပွား နဲ့ အူရီဒူး ရဲ့ Phalan Phalan Voice အစီအစဉ်တို့က ဈေးအသက်သာဆုံး ဖြစ်နေသလိုပဲ မြန်နှုန်းချင်း နှိုင်းယှဉ်မယ်ဆိုရင် အူရီူး ရဲ့  Phalan Phanlan Voice က အကောင်းဆုံးဖြစ်နေမယ်ဆိုတာကို ပျမ်းမျှ တိုင်းတာ တွက်ချက်မှုတွေအရ တွေ့ခဲ့ရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment