Powered by Blogger.

အမျိုးသားတွေ ငေးကြည့်မိတဲ့အခါ အလိုအလျောက်ပုံစံပြောင်းသွားမယ့် 3D ပရင်တာထုတ်ဝတ်စုံ




Gadget အမျိုးမျိုးထည့်ချုပ်ထားတဲ့ ဒီအ၀တ်ထည်ကို စမတ်ဖိုင်ဘာတွေနဲ့ ဖုံးအုပ်ထားပြီး ကြည့်တဲ့လူနဲ့ ကြည့်တဲ့နေရာပေါ်မူတည်ပြီး စမတ်ဖိုင်ဘာမျှင်တွေက အလိုအလျောက် ချဲ့ နိုင်၊ချုံ့ နိုင်မှာ ဖြစ်ပါတယ်။

စမတ်ဖိုင်ဘာမျှင်တွေထဲမှာ ထည့်သွင်းထားတဲ့ ကင်မရာလေးတွေက စိုက်ကြည့်သူရဲ့အသက်အရွယ် နဲ့ ယောင်္ကျားလားမိန်းမလားဆိုတာကိုပါ စူးစမ်း သိရှိနိုင်ပြီး ၀တ်စုံထဲက မိုက်ခရိုမော်တာလေးတွေက အလိုအလျောက်ပုံစံပြောင်းပေးသွားမှာဖြစ်ပါတယ်။

“ ဒီဝတ်စုံဟာ တခြားလူတွေရဲ့အကြည့်ကို သိရှိနိုင်ပြီး သက်ရှိတစ်ယောက်လို ပြန်တုံ့ ပြန်နိုင်တဲ့ 3D ပရင်တာထုတ် ၀တ်ဆင်စရာပစ္စည်းတစ်ခုဖြစ်ပါတယ်” လို့ ဝတ်စုံကို ဖန်တီးသူ Behnaz Ferahi က ပြောကြားခဲ့ပါတယ်။

ယခုဝတ်စုံကို ‘Caress of the Gaze’ လို့ နာမည်ပေးထားပြီး ဖန်တီးသူ Farahi ဟာ သာမန်ဒီဇိုင်နာ တစ်ယောက်မဟုတ်ဘဲ ဗိသုကာပညာရှင်လည်းဖြစ်၊ နည်းပညာနဲ့ လူသားအကြား အပြန်အလှန်အကျိုးပြုမှုဒီဇိုင်း ရေးဆွဲသူ interactive designer တစ်ဦးလည်းဖြစ်ပြီး တောင်ကယ်လီဖိုးနီးယားတက္ကသိုလ်မှာ Ph.D ဘွဲ့ ကို ရယူဖို့ ကြိုစားနေသူတစ်ဦးဖြစ်ပါတယ်။

ဒီဝတ်စုံဟာ သူမရဲ့ပထမဆုံး 3D ပရင်တာထုတ်ဝတ်စုံမဟုတ်ဘဲ၊ အရင်ကလည်း ကွေးဆန့် ပြင်ရလွယ်တဲ့ ကော်လာနဲ့ ခေါင်းဆောင်းဦးထုပ်တစ်လုံးကို ထုတ်ခဲ့ဖူးပါတယ်။ ဒီဝတ်စုံကို စတိုးဆိုင်တွေမှာ တင်ရောင်းမှာ မဟုတ်ဘဲ၊ ဆန်းသစ်တဲ့နည်းပညာကို ဖက်ရှင်နယ်ပယ်မှာအသုံးချနိုင်ပုံကို ပြသမှုတစ်ခုသာ ဖြစ်နိုင်ကြောင်း သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment