Powered by Blogger.

အ၀တ်အစားတွေကို အခြောက်လျှော်၊သန့် ရှင်းပေးနိုင်မယ့် LG ရဲ့ ဒေါ်လာ ၂ ထောင်တန် အ၀တ်ဗီရို




LG ရဲ့ အ၀တ်ဗီရိုအသစ် Styler ဟာ ဆပ်ပြာမှုန့် နဲ့ တခြား အန္တရာယ်ရှိဓာတုပစ္စည်းတွေသုံးစရာမလိုဘဲ အ၀တ်အစားတွေရဲ့အနံ့ အသက်တွေကို ဖျောက်ပေးနိုင်သလို အင်္ကျီအတွန့် အခေါက်တွေကို လည်း သပ်သပ်ရပ်ရပ်ဖြန့် ပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အ၀တ်အစားတွေကို ရေနဲ့ ဆပ်ပြာမှုန့် မလိုဘဲ TrueSteam နည်းပညာအသုံးပြုပြီး အခြောက်လျှော်နိုင်တဲ့ LG ရဲ့ Clothes Care System ကို ဒီဗီရိုမှာ ထည့်သွင်းထားပါတယ်။ ဒီနည်းပညာဟာ LG ရဲ့ အ၀တ်လျှော်စက်နဲ့ အခြောက်ခံစက်တွေမှာ နည်းပညာဖြစ်ပြီး ပိုးမွှားနဲ့ ဘက်တီးရီးယားတွေကို ၉၉.၉ ရာခိုင်နှုန်း သတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

အခြောက်လျှော်နည်းနဲ့ လျှော်ပြီးနောက် အ၀တ်အစားတွေမှာ ကျန်နေတတ်တဲ့ Perchloroethylene ဓာတုပစ္စည်းတွေကိုလည်း LG Styler က ၉၂ ရာခိုင်နှုန်းခန့် ဖယ်ရှားပေးနိုင်ပါတယ်။ Quick Refresh ခလုတ်ကို နှိပ်လိုက်မယ်ဆိုရင် အ၀တ်အစားတွေကို မွှေးကြိုင်သင်းပျံ့ နေစေမှာဖြစ်ပြီး Moving Hanger Action လို့ ခေါ်တဲ့ တုန်ခါဟန်ကာချိတ်တွေက အင်္ကျီက အတွန့် အခေါက်တွေကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။

Easy Pants Crease Care စွမ်းဆောင်ရည်က ဘောင်းဘီရှည်တွေကို သန့် ရှင်းပေးပြီး အကောင်းဆုံး ခေါက်ကြောင်းနဲ့ မီးပူတိုက်ပေးမှုကို နာရီဝက်အတွင်း လုပ်ဆောင်နိုင်ပါတယ်။ LG Styler မှာ အပူပေးကိရိယာတစ်ခုပါ တစ်ပါတည်းပါရှိပြီး ဗီရိုတွင်းက အ၀တ်တွေ  အခြောက်လျှော်နေတုန်း မကျုံ့သွား အောင်နဲ့ ပျက်စီးမှုမဖြစ်အောင်လို့ အပူချိန်နည်းနည်းနဲ့ ပဲ ပူနွေးတဲ့လေတွေကို မှုတ်ထုတ်ပေးနေမှာ ဖြစ်ပါတယ်။ Odor Removal စွမ်းဆောင်ရည်ကတော့ မီးခိုးငွေ့ ၊အစားအသောက်နဲ့ ချွေးတွေက ကပ်ကျန်ခဲ့တဲ့ အနံ့ အသက်တွေကို ရေနွေးငွေ့ နဲ့ ဖယ်ရှားပေးမှာဖြစ်ပြီး အနံ့ အသက်ကိုလည်း ကြိုက်နှစ်သက်ရာ နှစ်မျိုးရွေးနိုင်တယ်လို့ ဆိုပါတယ်။

စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပြီး စက်ကို ပြုပြင်ဖို့ လိုအပ်တဲ့အခါ ဖုန်းကတဆင့်အချက်ပေးမှာ ဖြစ်ပြီး အခမဲ့ app တစ်ခုကိုထည့်သွင်းကာ ဖုန်းကနေတဆင့် Styler စက် ကို ပရိုဂရမ်ပေးနိုင်ပြီး အ၀တ်အစားအမျိုးအစားအလိုက် စက်လည်ပတ်မှုပုံစံတွေကိုလည်း download ဆွဲနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Dailymail


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment