Powered by Blogger.

6S နဲ့ 6S Plus စတင်ဖြန့်ချီပြီး သုံးရက်အတွင်းမှာ ဖုန်းအလုံးရေ ၁၃ သန်းရောင်းချပြီး Apple အရောင်းစံချိန်သစ်တင်




အရောင်းစတင်ပြီး ပထမဆုံးသုံးရက်ဖြစ်တဲ့ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့ မှာတင် iPhone 6S နဲ့ 6S Plus ဖုန်းအလုံးရေ ၁၃ သန်းကို ရောင်းချခဲ့ရတယ်လို့  Apple က တင်္နလာနေ့ က ထုတ်ဖော်ကြေငြာခဲ့ပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်က iPhone 6 ထွက်ရှိပြီးမှာလည်း အလားတူအချိန်ကာလအတွင်းမှာ ဖုန်းအလုံးရေ ၁၀ သန်းရောင်းချခဲ့ရတဲ့ Apple အတွက် ဒီပမာဏက စံချိန်သစ်ဖြစ်ပါတယ်။

ယခုအပတ်မှာလည်း Apple ရဲ့ အရောင်းသွက်မှုအရှိန်အဟုန်ဟာ ဆက်လက်မြင့်တက်လျက်ရှိပြီး ကုမ္ပဏီ ၀င်ငွေရဲ့ သုံးပုံနှစ်ပုံလောက်ကို ဆောင်ကျဉ်းပေးထားပါတယ်။ အခုလို Apple ရဲ့အောင်မြင်မှုဟာ ဈေးကွက်ဖွံ့ ဖြိုးမှုနှေးကွေးနေပြီး၊ တန်ဖိုးနည်းဟန်းဆက်တွေက ဈေးကွက်ယှဉ်ပြိုင်မှုတွေ တစ်ပုံတစ်ပင်ကြုံနေရတဲ့ တခြားမိုဘိုင်းဖုန်း ဈေးကွက်နဲ့ စာရင် သိသိသာသာများပြားနေတာကို တွေ့ ရှိရပါတယ်။

“ iPhone 6S နဲ့ 6S Plus တို့ ရောင်းချရမှုဟာ အံ့သြစရာကောင်းလောက်အောင်ပါပဲ။ Apple သမိုင်းရဲ့ အရင်က ပထမ တစ်ပတ်ရောင်းချရမှုစံချိန်တိုင်းကို ကျော်ဖြတ်သွားပါတယ်” လို့ Apple CEO Tim Cook က ပြောကြားခဲ့ပါတယ်။

Apple ရဲ့ နောက်ဆုံးမော်ဒယ် iPhones တွေကိုမှ ကိုင်ချင်ကြတဲ့ ၀ယ်လိုအားကြောင့် Apple ရဲ့ ထုတ်ကုန် အသစ်တွေဟာ အရင်လိုပဲ အရောင်းပမာဏအလွန်များပြားပေမယ့်၊ တစ်ပတ်ရောင်းချရမှုစံချိန်ဟာ ရေရှည်အောင်မြင်မှုရဲ့ လက္ခဏာလို့ မဆိုနိုင်ပါဘူး။

ဒါပေမယ့်လည်း လွန်ခဲ့တဲ့ နှစ်က ဒီဇိုင်းအသစ်နဲ့ အရွယ်အစားကြီးကြီး ထွက်ခဲ့တဲ့ iPhone 6 နဲ့ 6 Plus တို့ ဟာ အစောပိုင်း ရောင်းအား ကောင်းခဲ့ပြီးနောက်မှာလည်း အချိန်ကြာလူကြိုက်ဆက်များနေခဲ့ပြီး ကုမ္ပဏီရဲ့ ရောင်းအားအကောင်းဆုံး စမတ်ဖုန်းအဖြစ်တောင် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Cnet

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment