Powered by Blogger.

ဖုန်းကို အကြွေးဝယ်ကတ်ပြားလိုအသုံးချနိုင်မယ့် Android Pay ကို Google စတင်ဖြန့် ချိ



Google ဟာ Android ဖုန်းတစ်လုံးကို အကြွေးဝယ်ကတ်ပြား credit card အဖြစ်ပြောင်းလဲပေးမယ့် Android Pay ကို ဖြန့် ချိလိုက်ပါတယ်။
Google ရဲ့ ပြောကြားချက်အရ သုံးစွဲသူပြည်သူပေါင်း သန်းပေါင်းများစွာဟာ ဖုန်းကို အသုံးပြုပြီး ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေဝယ်ယူနိုင်မယ့် နည်းလမ်းအသစ်တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ငွေပေးချေမှုစနစ်ကို အစက Google Marshmallow operating system နဲ့ အတူ အောက်တိုဘာလမှာ ဖြန့် ချိမှာဖြစ်တယ်လို့ ထင်ခဲ့ကြပေမယ့် Google ဟာ စောစီးစွာပဲ စက်တင်ဘာ ၁၀ ရက်နေ့ က ကြေငြာခဲ့တာဖြစ်ပါတယ်။
Android Pay ဟာ Apple Pay ကို ယှဉ်ပြိုင်မယ့်စနစ်တစ်ခုဖြစ်ပြီး Apple Pay အလုပ်လုပ်ပုံနဲ့ ထပ်တူနီးပါး တူပါတယ်။

“ Android Pay ဟာ လက်ဆောင်ကတ် (Gift card) ၊ ဖောက်သည်ကတ် (loyalty card) နဲ့ လျော့ဈေးကတ်တွေကိုလည်း သင့်ရဲ့ဖုန်းမှာ စုဆောင်းပေးထားမှာဖြစ်ပါတယ်”
Android Pay ၀န်ဆောင်မှုကို အမေရိကန်ပြည်ထောင်စုရဲ့ နေရာပေါင်း တစ်သန်းမှာ စတင်သုံးစွဲနိုင်မှာ ဖြစ်ပြီး နေက်ပိုင်းမှာ နောက်ထပ် feature အသစ်တွေနဲ့ အသုံးပြုနိုင်မယ့်နေရာတွေ ထပ်မံတိုးချဲ့ သွားမှာ ဖြစ်တယ်လို့ Google ကပြောကြားခဲ့ပါတယ်။

လက်ရှိ Google Wallet အသုံးပြုသူတွေအနေနဲ့ Android Pay ကို Wallet app ကနေ update လုပ် အသုံးပြုနိုင်မှာဖြစ်ပြီး စတင်အသုံးပြုမယ့်သူတွေအနေနဲ့ ကတော့ Google Play ကနေ မကြာမီ ရက်အနည်းငယ်အတွင်း download ရယူနိုင်မှာဖြစ်ပါတယ်။ ဒီ့အပြင် AT&T ၊ T-Mobile နဲ့ Verizon Wireless က ထုတ်မယ့် Android ဖုန်းတွေမှာ Android Pay ကို ကြိုတင် install လုပ်ပေးထားမှာဖြစ်ပါတယ်။

(Ye Wint)


#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: Dailymail


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment