Powered by Blogger.

SIM card တစ်ခုတည်းသာရတဲ့ ဖုန်းတွေကို dual-sim အဖြစ် ပြောင်းပေးနိုင်မယ့် Adapter



SIM ကတ်နှစ်ခုထည့်လို့ ရတဲ့ ဖုန်းကို ၀ယ်စရာမလိုဘဲ ဖုန်းတစ်လုံးတည်းမှာ ဖုန်းနံပါတ်နှစ်ခုကို အသုံးပြုနိုင်မယ့် adapter ထွက်ပေါ်လာပြီဖြစ်ပါတယ်။
‘Piece’ လို့ အမည်ပေးထားတဲ့အဆိုပါ adapter ဟာ Bluetooth သုံးလို့ ရတဲ့ Android နဲ့ iOS ဖုန်းတိုင်းမှာ အသုံးပြုနိုင်သလို tablet တွေမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

 ‘Piece’ adapter ဟာ SIM ကတ် အရွယ်အစားမျိုးစုံ ထည့်နိုင်ပြီး SIM ကတ် ထည့်ပြီးတာနဲ့ bluetooth ကနေတဆင့် ဖုန်းကို ချိတ်ဆက်သွားမှာဖြစ်ပါတယ်။ ထို့ နောက် နောက်ထပ်ထည့်ထားတဲ့ ဖုန်းနံပါတ်ကို ဖုန်း app တစ်ခုကနေ ထိန်းချုပ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အခုစတင်ထုတ်ထုတ်ခြင်းမှာတော့၊ adapter အတွင်းထည့်ထားတဲ့ ကတ်ကနေ ဖုန်းခေါ်ဆိုလက်ခံမှု၊ message ပို့ မှုတွေကိုသာ ပြုလုပ်နိုင်ဦးမှာဖြစ်ပြီး အင်တာနက်တော့ အသုံးပြုလို့ မရသေးပါဘူး။

 ဒါပေမယ့် နောက်ထပ်မော်ဒယ်တွေမှာတော့ အင်တာနက်အသုံးပြုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ခရက်ဒစ်ကတ်အရွယ်အစားသာရှိတဲ့ adapter ကို ဟောင်ကောင်ဒီဇိုင်နာ Dennis Wong က တီထွင် ထုတ်လုပ်ခဲ့တာဖြစ်ပြီး အခုအခါ ရန်ပုံငွေရှာဖွေရေးဝက်ဘ်ဆိုဒ် Kickstarter မှာ ဈေးကွက်ဝင်ထုတ်လုပ်ဖို့ အတွက် ရန်ပုံငွေစုဆောင်းလျက်ရှိပါတယ်။

 ဒီ gadget အတွက် ပေါင် ၁၇၂၃၀ ပစ်မှတ်ထားခဲ့ပြီး Wong ဟာ အခုဆိုရင် ပေါင် ၁၉၅၀၀ တောင်ရရှိနေပြီဖြစ်ပါတယ်။
ဒီ Adapter ဟာ wi-fi သာအသုံးပြုလို့ ရတဲ့ tablet တွေအတွက်လည်း အဆင်ပြေစေမှာဖြစ်သလို နိုင်ငံခြား သွားတဲ့အခါဖြစ်ဖြစ်၊ ဖုန်းနံပါတ်နောက်ထပ်တစ်လုံးထပ်သုံးချင်ရင်ဖြစ်ဖြစ်  adapter မှာ sim card ထည့်လိုက်ရုံနဲ့ အဆင်ပြေသွားမှာဖြစ်ပါတယ်။

Piece မှာ ဘက်ထရီအဆင်သင့်ပါရှိပြီး နာရီပေါင်း ၁၅၀ အမြဲဖွင့်ထားနိုင်မှာဖြစ်ပါတယ်။ အရွယ်အစားက သေးငယ်တာကြောင့် အင်္ကျီ၊ဘောင်းဘီအိတ်ကပ် ဒါမှမဟုတ် ပိုက်ဆံအိတ်ထဲမှာ အလွယ်တကူထည့်ထား နိုင်ပါတယ်။
Kickstarter စာမျက်နှာမှာ ဒီ adapter ကို ပေါင် ၄၀ နဲ့ မှာယူဝယ်လို့ ရပြီး နောက်နှစ်ထဲ ဈေးကွက်တင်ပြီး တဲ့အခါ လက်လီဈေးက ပေါင် ၆၀ ဖြစ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

(Ye Wint)

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com


Ref: Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment